ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ကဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ပေးခဲ့တာပါ။
ဒါ့အပြင် လက်ရှိအခြေအနေတွေအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်း ဟောပြောဆွေးနွေးမှုတွေကိုပါတစ်ပါတည်းပြုလုပ်ခဲ့တာပါ။
KIA ပူးပေါင်း တပ်ဖွဲ့များ ကန်ဖန်းရွာကို ဝင်ရောက်လာစဉ် ဒေသပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သလိုလက်နက်မချတဲ့ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ကန်ဖန်းရွာအနီးရှိ ချောင်းတွင်းကို သေနတ်များစွန့်ပစ်၍ ထွက်ပြေးသွားတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
KIA တပ်ဖွဲ့တွေဟာ ပန်ဝါဒေသနဲ့ကန်ပိုက်တီးဒေသထဲက စစ်ကောင်စီတပ်စခန်းနဲ့နယ်ခြားစောင့်တပ်စခန်းတွေကို ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်နေပြီး တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တီးဒေသကိုပါ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။
0 Shares:
You May Also Like
Read More

လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးထားကာ ထောင်နှင့်ချီ သတ်ဖြတ်ထားသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်ကဏ္ဍ အရေးကြီးကြောင်း ပြော

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လူငယ်လူရွယ် ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီး လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်အခန်းကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ထီးလင်းမှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

TNLA ထိန်းချုပ်နယ်မြေများမှာ မေလတစ်လအတွင်း စစ်ကောင်စီတပ် စွန့်ပစ်မိုင်းများကြောင့် ပြည်သူ (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကြီးမြို့ အောင်မြေသစ် ကိုယ်ပိုင်ကျောင်းတွင် Grade-12 ကျောင်းသူတစ်ဦးအား ကျောင်းအုပ်ကြီး သားက အဓမ္မပြုကျင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ "အောင်မြေသစ်" ကိုယ်ပိုင် အထက်တန်းကျောင်းမှာ အဆောင်နေ ကျောင်းသူတစ်ယောက်  အဓမ္မပြုကျင့်ခံရပြီး အဓမ္မပြုကျင့်သူဟာ ကျောင်းအုပ်ဆရာကြီးရဲ့ သားဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက  သိရပါတယ်။ 
Read More

ဆော့လော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကပစ စက်ရုံများဆီ သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဂျိုင်ရိုကော်ပတာများကိုလည်း ပစ်ချနိုင်ရန် ကြိုးစားနေကြောင်း မြိုင်ပကဖ ပြော

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ စက်ရုံဆီ သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့သလို ဂျိုင်ရိုကော်ပတာ​ယာဥ်တွေကိုလည်း မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။