စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်နေတယ်လို့ Burma Affairs & Conflict Study က ထုတ်ပြန်ပါတယ်။

လာမယ့် စာသင်နှစ်က စတင်ပြီး အခြေခံပညာကျောင်းတွေမှာ  စစ်တပ်ရဲ့ မတရား စစ်မှုထမ်းဥပဒေ၊ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့ အကြမ်းဖက်ဥပဒေစတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းတွေမှာ သင်ကြားပို့ချဖို့ပြင်ဆင်နေတာပါ။

ပြီးခဲ့သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည် နဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမ တွေကို   အဲ့ဒီ့ဝါဒဖြန့် ဘာသာရပ်တွေ သင်ကြားနိုင်ဖို့ ရက်တိုသင်တန်းတွေ ပေးအပ်နေတယ်လို့  နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်က စစ်ကောင်စီရဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို ဆရာ/ဆရာမတွေက တဆင့် Grade 11 နဲ့ Grade 12 အတန်းအပါအဝင် အခြေခံပညာကျောင်းတွေက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေဆီ ရောက်ရှိသွားဖို့ ဖြစ်ပါတယ်။

ဒီသင်တန်းတွေကို‌ စစ်ကောင်စီရဲ့ ဥပဒေရေးရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းအပတ် (အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်) အတွင်း တိုင်းစစ်ဌာနချုပ်အသီးသီးက လက်အောက်ခံတပ်နယ်တွေမှာ ၂၀၂၄၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသူ/ကျောင်းသားတွေကို စစ်တိုင်းမှုးတွေက ကျောင်းဝတ်စုံ၊ စာရေး ကိရိယာနဲ့ ပညာသင် ထောက်ပံ့စရိတ်ပေးပြီး စည်းရုံးမှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။

တက္ကသိုလ်ရောက်မှသာဥပဒေပညာရပ်ကိုသီးသန့်လေ့လာသင်ယူကြရတာဖြစ်ပေမယ့်စစ်ကောင်စီကစောစီးစွာအခြေခံပညာကျောင်းတွေမှာထည့်သွင်းဝါဒဖြန့်ဖို့ပြင်ဆင်လာခြင်းဖြစ်ပါတယ်။

လာမယ့် ပညာသင်နှစ်က စတင်ပြီး  အခြေခံပညာကျောင်းတွေမှာ  စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေ၊ စစ်တပ်က စိတ်ကြိုက်ရေးစွဲထားတဲ့ အခြေခံဥပဒေ နဲ့ တိုင်းပြည်ရဲ့ ဒေသအသီးသီးကနေ စစ်တပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်တံဆိပ်ကပ်ထားတဲ့  သင်ရိုးတွေကို ကျောင်းသားကျောင်းသူတွေထံ  ရောက်ရှိဖို့ ရည်ရွယ်ထားတာပါ။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစု၏ အထွေထွေစာအုပ် ၁၀၀ ကျော် ပါဝင်သည့်  ရွေ့လျားစာကြည့်တိုက် 

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ် သပိတ်အင်အားစုအနေနဲ့ ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ  မြန်မာနှင့်ဆက်နွယ်နေသည့် တရုတ်စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်နေမှုကြောင့် စုံစမ်းစစ်ဆေးပေးဖို့ JFM တောင်းဆို 

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ဂျူလီဘိရှော့ဟာ မြန်မာနဲ့ဆက်နွယ်နေတဲ့ တရုတ်စီးပွါးရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် အကျိုးစီးပွားပဋိပက္ခတွေ ရှိမရှိ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။