စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

အညာဒေသက စစ်ရှောင် စာသင်ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကလေးတွေ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုရန်ကနေ ကြိုတင်ချိတ်ဆက် ရှောင်ရှားနိုင်ကြဖို့ အခုလို စကားပြောစက်တွေ လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကူပေးဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းတွေအတွက် လေကြောင်းရန် ကာကွယ်ရေးအနေနဲ့ သတင်းအချက်အလက်ရရှိဖို့ ကူဖြစ်တာ ဖြစ်ပါတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ဘေးရှောင် စာသင်ကျောင်းအတွက် ငွေကျပ် ၁၂ သိန်း တန်ဖိုးရှိ TYT အမှတ်တံဆိပ် စကားပြောစက် icom ၄လုံး လှူဒါန်းပေးခဲ့တာဖြစ်ပြီး လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ် ကာကွယ်နိုင်ဖို့နဲ့ ပဋိပက္ခတိုက်ပွဲတွေအတွင်း ကြိုတင်ပြင်ဆင်လိုက်နာသင့်တဲ့ အကြံပြုချက်တွေကိုလည်း ဝေမျှခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးအခြေအနေ မြင့်တက်လာတာနဲ့အမျှ လေကြောင်းအန္တရာယ် ကာကွယ်ဖို့နဲ့ လက်နက်ကြီးအန္တရာယ် ကာကွယ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ မပေါ့လျော့သင့်တော့ပါဘူး။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြဖို့ လိုအပ်နေပါပြီလို့ အထက်ပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

(ဓာတ်ပုံ အညာပစ်တိုင်းထောင်လေးများ)

0 Shares:
You May Also Like
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာ တာဝန်ကျနေသည့် စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှာ တာဝန်ကျနေတဲ့ ခမရ(၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၆ တပ်ရင်း - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ ပေါ်တာဆွဲပြီး ရက်တိုစစ်သင်တန်းပေးခံရသူတွေ လူသားဒိုင်းအဖြစ် ကင်းစောင့်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အတင်းအဓမ္မ စစ်သင်တန်းပေးခံထားရတဲ့အရပ်သား၅၀ ကျော် နေရပ်ပြန်ခွင့်မရဘဲ လူသားဒိုင်းလုပ်ကာ ကင်းစောင့်နေကြရတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီထံက သိရပါတယ်။
Read More

ပြင်းပြင်းထန်ထန် သတိပေးခံထားရတဲ့ကြားက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေ သန်းခေါင်စာရင်း လိုက်ကောက်နေ

မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့နယ်တော်တော်များများမှာ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သတိပေးချက် ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သန်းခေါင်စာရင်း ပေါ်ပေါ်ထင်ထင် ကောက်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။
Read More

ကော့သောင်းတွင် စစ်ကောင်စီနှင့် ပကဖ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ အရာခံဗိုလ်အပါ ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ကော့သောင်းပကဖတို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဆက် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက မောင်းကို ပြောပါတယ်။