မုံရွာကနေ မန္တလေးဘက်ကို အကြမ်းဖက်စစ်သား အစောင့်အရှောက်တွေနဲ့ မောင်းနှင်လာတဲ့ ကြေးနီတင်ယာဉ်တွေကို နိုဝင်ဘာ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ မအူရွာထိပ်ကနေ အသင့်စောင့်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ North Western People Defence Force အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ မသိရသေးဘဲ လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်)၊ ယင်းမာပင်ခရိုင် အမှတ် () တပ်ရင်းရဲ့ Idiots Column နဲ့ (မဟာမိတ်များ) မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄တပ်ခွဲ () commando force၊ ယင်းမာပင်မြို့နယ်တိုက်နယ် ၂ ပကဖ မဲမှောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့The Brightness Ar Lar Wa Ka (LPDF) တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လှိုင်သာယာ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးရေး လုပ်သားများ ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ချန်းရိ Adidas ဖိနပ်စက်ရုံမှာ မေလ ၁၄ ရက်ကစတင်ပြီး လုပ်ခလ စာတိုးမြှင့်ပေးရေး လုပ်သားတွေဆန္ဒပြလျက်ရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ Sky Hunter ပရောဂျက်မှာ ပါဝင်ကူညီပေးဖို့ တောင်းဆို (ရုပ်/သံ)

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က  “လင်းယုန်အစာကောက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ ပရောဂျက်ကို စတင်လိုက်ပြီး ဒရုန်းစစ်ဆင်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။
Read More

လွတ်မြောက်နယ်မြေတစ်ခုမှာ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့  (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာအထိုင်ရဲစခန်းကို စစ်ကူပေးပြီး စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာချုပ်ကို ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည် သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။