တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။

နိုဝင်ဘာ ၆ ရက်၊ မနေ့က မနက်ပိုင်းမှာ သရက်ချောင်းမြို့ကနေ ထားဝယ်မြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီ မြေတင်ကားတွေကို သရက်ချောင်းထားဝယ်လမ်းပိုင်း၊ သရက်နှစ်ခွရွာနဲ့ သင်းကျွန်းရွာကြားမှာ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ ၁ က မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။

ထားဝယ်ဘက် တက်မယ့် သတင်းကြားရလို့ စောင့်ပြီးမိုင်းဆွဲခဲ့တာပါ။ ကား၂စီးကို စခအင်အားက ၅၀၊ ၆၀လောက်ပါတယ်။ အဲ့ဒါ ကျနော်တို့က ပြင်းအားမြှင့် မိုင်း ၄ လုံး ဆွဲခဲ့ပါတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒေါင်းညီနောင်စစ်ကြောင်း၏ ထုတ်ပြန်ချက်

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ မြေတင်ကား ၁ စီး မိုင်းထိမှန်ခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက အနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ထန်းရည်ရောင်းနေတဲ့ အမျိုးသမီး၁ယောက် ပေါင်ကို ကျည်ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

ကျနော်တို့နဲ့ ပစ်ခတ်မှုမဖြစ်ပဲ မိုင်းဆွဲခံရလို့ သူတို့ဟာသူတို့ ရမ်းသမ်းပစ်ရင်းထိတာပါ။ အခု လက်ရှိဆေးရုံတက်နေတာ ဆင်းတယ်လို့တော့ မကြားသေးပါဘူး။ ဒီအတွက်လည်း ကျနော်တို့ စစ်ကြောင်းကရဲဘော်တွေ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။လို့ ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်တဲ့အတွက် စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ရှိနေပြီး အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေကြဖို့လည်း ဒေါင်းညီနောင်စစ်ကြောင်းက အသိပေးထားပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားကို တော်လှန်ရေးတပ်ဖွဲ့များ တွေ့ရစဉ် (ဓာတ်ပုံ ကရင်နီတပ်မတော် KA)
0 Shares:
You May Also Like
Read More

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့အတူ ရုရှားစစ်ရေယာဉ်တွေ လာရောက်ပူးတွဲလေ့ကျင့်

စစ်ကောင်စီကို အားပေးကူညီထောက်ခံမှုတွေ ပြုလုပ်နေတဲ့ ရုရှားကနေ စစ်ရေးလေ့ကျင့်ဖို့အတွက် စစ်ရေယာဉ်လေးစင်း ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် အထိုင်ချစခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်၊ ဒီဇင်ဘာလတိုက်ပွဲတွေအတွင်း စစ်တပ်က  (၁၅၁) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အတည်ပြုထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။
Read More

ဆေးသင်တန်းသား/သူ ၁၈ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ပြစ်ဒဏ်စီရင်ချမှတ်ပြီးကြောင်း KNDF ထုတ်ပြန်

ကရင်နီမှာ ဆေးသင်တန်းသား/သူ တွေ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ ရေဘေးကြောင့် ၁၈ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပြီးကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ပံ့ပိုးကူညီမည်ဟု တရုတ် ထပ်လောင်းအတည်ပြု

တရုတ်က မင်းအောင်လှိုင် ဟန်ပြကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို  ပူးပေါင်းကူညီသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံမှုမှာ ထပ်လောင်းအတည်ပြု ကတိပေးလိုက်ပါတယ်။