စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ပါက  ဘုံနိုင်ငံရေး ဦးတည်ချက် ( )ရပ်ကိုလက်ခံပြီး ကျန်ရှိနေမယ့် မြန်မာစစ်တပ်က တာဝန်ရှိသူအချို့နဲ့ ဆွေးနွေးပြီး အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ်။

NUG ရဲ့  ပြည်ထောင်စုဝန်ကြီးက ဘုံနိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံမယ့် စစ်တပ်က တာဝန်ရှိသူတွေနဲ့  အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ မဖြစ်မနေဆောင်ရွက်ရမယ်လို့ ဦးတင်ထွန်းနိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့NUG အပါအဝင်  K2C သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

K2C အဖွဲ့ဆိုတာကတော့  (KNU KNPP CNF) တို့လို လက်ရှိ စစ်အာဏာရှင်ကိုတွန်းလှန် တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်း​​​ဆောင် မင်းအောင်လှိုင်ဟာ  အာဏာသိမ်းပြီးပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားရောက်နေစဉ် NUG နဲ့ K2C က သတင်းစားရှင်းလင်းပွဲ ပြုလုပ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ မင်းအောင်လှိုင်၊ စိုးဝင်းတို့အပါအဝင် စစ်ကောင်စီရဲ့ထိပ်တန်းခေါင်းဆောင်တွေကို ဖြုတ်ချအပြီးကျန်ရှိမယ့်စစ်တပ်အရာရှိတွေနဲ့ ညှိုနှိုင်းကာ အဆင်ပြေချောမွေ့စေမယ့် အာဏာလွှဲပြောင်းရေးကို အဓိကလိုအပ်ခြင်းဖြစ်တယ်လို့ ဦးတင်ထွန်းနိုင်က ရှင်းပြပါတယ်။

အဲဒီအဆင့်ကို ကျော်သွားလို့ မရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ချမှတ်ထားတဲ့ ဘုံသဘောထားရပ်တည်ချက်ထဲမှာ ပါတဲ့ နိုင်ငံရေးဦးတည်ချက် ၆ရပ်ပဲပြောပြော အဓိကကျတဲ့ ချုံ့လိုက်တဲ့ ၃ရပ်ပဲ ဆိုဆို အဲဒီအချက်တွေကို လက်ခံလာတဲ့ မြန်မာစစ်တပ်က တချို့သူတွေနဲ့ စကားပြောဖို့လိုမယ်လို့ ဦးတင်ထွန်းနိုင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ၃၁ရက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့များ၏ဘုံသဘောထားရပ်တည်ချက် () ချက်ကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

သဘောတူညီထုတ်ပြန်ထားတဲ့ဘုံနိုင်ငံရေးဦးတည်ချက်၆ရပ်အားအတိုချုံးလိုက်ပါကအချက်သုံးချက်သာရှိပြီးပထမအချက်မှာစစ်အာဏာသိမ်းယူမှုကိုဖယ်ရှားပြီးစစ်တပ်နိုင်ငံရေး၌ပါဝင်နေမှုကိုအဆုံးသတ်ရန်၊ဒုတိယအချက်မှာဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုရေးဆွဲရန်၊ပဋိပက္ခအတွင်းမတရားကျူးလွန်မှုခံနေရသူများအတွက်တရားမျှတမှုရှိရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုလုပ်ငန်းစဉ်များကိုဖော်ဆောင်ရန်ပဲဖြစ်ပါတယ်။

ဘုံသဘောတူညီချက် ဦးတည်ချက် ၆ရပ်ကို လက်ခံပြီဆိုပါက တော်လှန်ရေး ရည်မှန်းချက်က ၉၀ ရာခိုင်နှုန်းလောက် ပြီးမြောက်အောင်မြင်ပြီလို့ ဆိုရမှာ ဖြစ်ပေမယ့် အဆုံးသတ် ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ ရှိနေပြီး တရားမျှတမှု ပြန်လည်ဖော်ဆောင်ရေး ကိစ္စရပ်တွေကိုလည်း စစ်ကောင်စီဘက်က လက်ခံရမယ်လို့ ဦးတင်ထွန်းနိုင်က ဆိုပါတယ်။

စစ်ကောင်စိရဲ့ ခေါင်းဆောင်ပိုင်းတွေကို ဖယ်ရှားပြီးတဲ့အခါမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီက တာဝန်ရှိသူတွေနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းရေး အတွက် အကောင်းဆုံးလုပ်ဆောင်သွားနိုင်ဖို့ NUG က မျှော်လင့်ထားကြောင်း ၎င်းတို့ရဲ့သဘောထားကို အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါ ၅ ဦး သေဆုံးဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

တပ်မ(၁၀၁) မှာ အဓမ္မ စစ်မှုထမ်းစေခိုင်းခံထားရတဲ့ စစ်သား ၂ ​ယောက် ပခုက္ကူ ပကဖထံ ချိတ်ဆက်အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စစ်ကောင်စီရဲ့ တပ်မဌာနချုပ် တပ်မ(၁၀၁)မှာ အတင်းအဓမ္မ စုဆောင်း ခံထားရတဲ့ စစ်သား ၂ ​ယောက် ချိတ်ဆက်အလင်းဝင်လာတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ၊ တပ်ခွဲ (၁)၊ တပ်စိပ်(၁) - Burma Revolution Rangers တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေကို PDF နဲ့ ပကဖရဲဘော်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်

အကြမ်းဖက်စစ်တပ်အနေနဲ့ ရေဘေးဒဏ်သင့် ပြည်သူတွေဆီ ပို့ဆောင်မယ့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ခြင်း စတဲ့ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ PDF နဲ့ ပကဖရဲဘော်တွေရဲ့ ပုံရိပ်တွေကို ပြည်သူတွေ သိရှိစေဖို့ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။