မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။

ပျူတွေဆီကနေ M16သေနတ် ၂ လက်၊ G3 ၁ လက်၊ 5.56 ကျည် ၁၈၀ တောင့်၊ G3ကျည် ၈၀ တောင့်၊ ဖုန်း၂လုံးနဲ့ Icon တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစု၊ M.V.P Revoulation force၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့မြိုင်၊ UAV frighter၊ မဟူရာအလင်းတန်းပြောက်ကျား၊  Phoneix People Defence Force Scopion People Defence Force  ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့နဲ့ ဇာမဏီ Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ ပန်းရံပျူစခန်းက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုမြို့ပေါ် ထွေအုပ်ရုံးကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးကို ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းက ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  Myingyan Black Tiger တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နမ့်လန်မြို့ အရပ်သားနေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ထိခိုက်ပျက်စီးကာ အဘွားအို ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ရှိ အရပ်သားနေအိမ်ပေါ်သို့ ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ပျက်စီးကာ ဒေသခံအဘွားအို ၁ ‌ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

8+ အညာမြေစစ်ဆင်ရေးအဖွဲ့ မွမ်းမံသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။