ပဲခူးတိုင်း ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးရိုးမ ဗျူဟာ – ၂၁ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညပိုင်းက ပေါက်‌ခေါင်း-အုတ်တွင်းလမ်းရှိ ပြောင်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်း အထိနာပြီး ဇန်နဝါရီ ၂၉ ရက်က ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာလာစဉ် ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း တံခွန် တိုင်အနီး တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းကွင်း ၂ ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် တွေနဲ့ စောင့်ကြိုပစ်ခတ်ခဲ့ရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးပြီး MA-4 ၁ လက်၊ ၄၀ မမ ဗုံးသီး ၁ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အကြိမ်ကြိမ်တိုက်ခိုက်ခံရတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက ပေါက်ခေါင်းမြိုနယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ရောက်ရှိလာစဉ် အင်အား ၆၀ ဝန်ကျင်ခန့်သာရှိတော့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ(၂၁)ကွပ်ကဲမှူ့ဖြင့် ဗျူဟာရုံးတိုက်ခိုက်ရေးတပ်ဖွဲ့၊ (၃၆၀၁)တပ်ရင်း တပ်ရင်းစစ်ကြောင်း၊ (၃၆၀၂)တပ်ရင်း တပ်ခွဲ(၃)၊တပ်ခွဲ(၁) တို့မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပဲခူးရိုးမ ဗျူဟာ-၂၁ PDF

0 Shares:
You May Also Like
Read More

ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ‘Mufasa: The Lion King’ ဇာတ်ကားမှ ဇာတ်ကားဝင်တစ်ခုကို KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်လူမှုကွန်ရက်မှာ မျှဝေ (ရုပ်/သံ)

တရုတ်နိုင်ငံဖိအားနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးဖိအားများ ပြင်းထန်လာချိန်မှာ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ 'Mufasa: The Lion King' ကာ တွန်းဇာတ်ဝင်ခန်းတစ်ခုကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

သံမိုးတောင်ကျေးရွာမှာ နေအိမ်နဲ့ ဘာသာရေးကျောင်းဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာမှာ ဧပြီ ၇ ရက် နံနက်ပိုင်းက နေအိမ်နဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန် လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်၊ အရာရှိ ၃ ဦးအပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ်အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်တွင် PDF များ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံတွေကိုင်ဆောင်ကာ အောင်ပွဲခံနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။