မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းယူခဲ့တာ ၅ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သြစတြေးလျနဲ့ ယူကေနိုင်ငံတို့က မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး မြန်မာပြည်သူတွေဟာ အဆမတန် တိုးမြင့်လာတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခတွေကိုလည်း အဆက်မပြတ် ရင်ဆိုင်နေရပြီး လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူပေါင်း ၁၆.၂ သန်းခန့်မှာ အခြေခံအကူအညီတွေ လိုအပ်နေသလို၊ ပြည်သူ ၃.၆ သန်းကျော်လဟာည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သြစတြေးလျ သံရုံးကနေ ဆိုထားပါတယ်။ 

ယူကေနိုင်ငံခြားရေးဝန်ကြီး Yvette Cooper ကလည်း “မြန်မာကလေးသူငယ်စုစုပေါင်းရဲ့ တစ်ဝက်ခန့်ဟာ ပညာသင်ယူခွင့်မရကြပါဘူး။ ထို့အတူ မိန်းကလေးငယ်များနဲ့ အမျိုးသမီးများဟာလည်း အကြမ်းဖက်မှုများ ဆက်လက်ကြုံတွေ့နေရပါတယ်” လို့ ဆိုထားတာပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်တပ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိကြောင်း၊ ရွေးကောက်ပွဲတွေဟာ အတိုက်အခံပါတီတွေ ပါဝင်ခွင့်မရဘဲ ဖိနှိပ်မှုတွေကြားမှ ပြုလုပ်ခဲ့တာကြောင့် မြန်မာပြည်သူတွေနဲ့ ဆန္ဒနှင့် ကိုက်ညီမှုမရှိကြောင်းကို ယူကေနှင့် သြစတြေးလျ နှစ်နိုင်ငံလုံးက တညီတညွတ်တည်း သဘောထားပြသခဲ့တာလည်းဖြစ်ပါတယ်။ 

အထူးသဖြင့် ပြည်သူ့ဆန္ဒကို ငြင်းပယ်ပြီး နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ဖျက်ဆီးလိုက်တဲ့ စစ်အုပ်စုက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိသလို တရားမဝင် ဟုလည်း UK နိုင်ငံက ဆိုလိုက်ပါတယ်။

သြစတြေးလျနဲ့ ယူကေအစိုးရတို့ဟာ စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုဖို့ကို တောင်းဆိုထားပါတယ်။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ကို အလေးအနက် တောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။ 

ယူကေနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း မြန်မာပြည်သူ ၁.၄ သန်းကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ခဲ့ပြီး ၁.၃ သန်းကို ကျန်းမာရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

နှစ်နိုင်ငံလုံးအနေနဲ့ မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်နဲ့ တည်ငြိမ်မှုရရှိရေးအတွက် စစ်မှန်တဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ကတိပြုကြောင်း သဘောထား ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းတွင် မင်းအောင်လှိုင်ကို ဆန္ဒပြမည့် မြန်မာအဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့ဝင်များက တိုက်ခိုက်ရန်ကြိုးပမ်း၊ ထိုင်းရဲများမှ မြန်မာအဖွဲ့ခေါင်းဆောင်ကို အခင်းဖြစ်ပွားရာမှ ကာကွယ်ထုတ်သွား

ထိုင်းနိုင်ငံရှိ မြန်မာဆန္ဒပြအဖွဲ့ဝင်များ ပါဝင်တဲ့ "Bright Future" အဖွဲ့က ဧပြီလ ၃-၄ ရက်က BIMSTEC အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂရုံးရှေ့မှာ အနက်ရောင်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။
Read More

လက်နက်များရောင်းချပေးနေသည့် ဘီလာရုစ်နိုင်ငံသို့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပိတ်ဆို့ခံ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကော်မရှင် အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေသေးကြောင်း JFM သတိပေး

စစ်ကော်မရှင်လို့ အများကြခေါ်ကြတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖွဲ့အစည်းကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ရသေးကြောင်း Justice For Myanmar (JFM) က ဒီနေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအတွက် နောက်ဆုံးနေရာဟာ ရာဇဝတ်သားတွေအဖြစ် တရားရုံးရှေ့မှောက်သာ ဖြစ်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကို အသိပေး

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မောင်မောင်လွင်၏ တစ်လုံးတည်းသော သွင်းဂိုဖြင့် မန်ယူကို အာဆီယံအသင်း အနိုင်ရ

မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီယနေ့ မေလ ၂၈ ရက်ညပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အာဆီယံလက်ရွေးစင်အသင်းတို့ ပွဲစဥ်မှာ အာဆီယံလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆီယံအသင်း အနိုင်ရသွားခဲ့ပါတယ်။