မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ တပ်သားအဆင့်ရှိသူက တပ်ကြပ်ကြီးဖြစ်သူကို သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ရက် မနေ့ နေ့လည်ပိုင်းမှာ ထီးလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ကျနေတဲ့ တပ်မ ၉၉ လက်အောက်ခံတပ်သား တစ်ယောက်နဲ့ တပ်ကြပ်ကြီးဖြစ်သူတို့ အချေအတင် စကားများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီလို ရန်ဖြစ်စကားများကြရာကနေ တပ်သားရဲဘော်က တပ်ကြပ်ကြီးဖြစ်သူကို သေနတ်နဲ့ပစ်ခတ်ပြီး မြို့ပြင်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကိုပြောပါတယ်။

ယင်းပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီးဖြစ်သူဟာ ဆေးကုသမှုခံရယူနေရပြီး၊ ပစ်ခတ်သွားတဲ့ တပ်သားရဲဘော်လည်း လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ထီးလင်းမြို့တွင်းအပါအဝင် အနီးနားဝန်းကျင်မှာ တောနင်းရှာဖွေနေတယ်လို့လည်း သိရပါတယ်။

” အရင်ကလည်း ယောနယ်(ဂန့်ဂေါခရိုင်) ထဲမှာ ဒီလိုမျိုး အချင်းချင်းပစ်ပြီး ထွက်ပြေးတာမျိုးတွေရှိခဲ့ပါတယ်။ အဲ့တုန်းက တော်လှန်ရေးအင်အားစုတွေဆီ ခိုလှုံကြတယ်။ အခုလည်း ဒီလိုဖြစ်ဖို့များတယ်” လို့ ကိုမင်းဒဿက မောင်းကိုဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်ထဲမှာ ထီးလင်းမြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနေရာကို မိတ္ထီလာအခြေစိုက် တပ်မ (၉၉) က တပ်သားတွေ ရဟတ်ယာဥ်များနဲ့ အစားထိုးရောက်ရှိနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ထီးလင်းနယ်ဝန်းကျင်မှာလည်း စစ်ကြောင်းတွေထိုးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျဆုံးရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂန့်ဂေါခရိုင် တပ်ရင်း ၆ ကူညီထောက်ပံ့ဂါရဝပြု…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းအနေနဲ့ တပ်ရင်းမှာ တော်လှန်ရေးအစကတည်းက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို သွားရောက် အလေးပြုပြီး ဆန်၊ဆီ စတဲ့ လှူဖွယ်ဝတ္ထု တို့နဲ့ ဂါရဝထား ကန်တော့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရိုက်နှက်ခံထားရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ထဲတွင် ဆေးကုသခွင့်မပေးဘဲ ခြေချင်းခတ် သီးခြားတိုက်ပိတ်ထား

မန္တလေးတိုင်း၊ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့ချိန် အာဏာပိုင်တွေရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံခဲ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ လက်ရှိအချိန်အထိ ဆေးကုသခွင့်မရသေးဘဲ သံခြေချင်းခတ် သီးခြားတိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
Read More

တင်းမာမှုတွေကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေးမှုရှိလာ…

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
Read More

ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး ထိခိုက်ကြေကွဲနေချိန် ပေါက်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပြင်းထန်လှတဲ့ ငလျင်ဒဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ၂ ပတ်တာ ထိုးစစ်တွေ ရပ်နားထားမယ်လို့ NUG က ကြေညာပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓာတ်ငွေ့ပိုက်လိုင်းအနီး အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းရှိ ကလိန်အောင်စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်း အနီး အမျိုးသား အလောင်းတစ်လောင်းကို ဇူလိုင်လ (၂၂) ရက်မှာ ဒေသခံတွေ တွေ့ရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စက်တင်ဘာလ ၂၈ ရက် ဒီနေ့ညနေပိုင်းမှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။