မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင်းရှိ ဗုံးသီးတွေ ထုတ်လုပ်တဲ့ ကပစ (၁၂) စက်ရုံကို လက်လုပ် ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်နှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ (၁) ရက် ဒီနေ့မနက်အစောပိုင်းမှာ သရက်မြို့အခြေစိုက် အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းအတွင်းထဲကို  သရက်ခရိုင်တပ်ရင်း(၄) တပ်ဖွဲ့ဝင်တွေက ၇၅မမ ရော့ကတ်(၁၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ရော့ကတ်တွေဟာ စက်ရုံဝန်းအတွင်းက ပစ်မှတ်အဆောက်အဦးတွေဆီ ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း ကိုမြတ်ကပြောပါတယ်။ ထိခိုက်မှုအသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“နောက်ဆက်တွဲကို ကျနော်တို့ သေချာအတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် စက်ရုံထဲ ထိခိုက်မူတွေရှိတယ်။ အဲ့တာကြောင့် ဘယ်သူ့ကိုမှလည်း စက်ရုံထဲကနေ အပြင်မထွက်ခိုင်းဘူးကြားတယ်” လို့ အဆိုပါ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်နှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်တပ်ဘက်က  တော်လှန်ရေးတပ်တွေရှိရာဆီကို လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုန်းတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ၄င်းကဆိုပါတယ်။

သရက်ခရိုင်တပ်ရင်း(၄) တိုက်ခိုက်ခဲ့တဲ့ ကပစ(၁၂) စက်ရုံဟာ အကြမ်းဖက်တပ်တွေအတွက် (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ ဗုံးသီးတွေ အဓိက ထုတ်လုပ်ရာ စက်ရုံတစ်ခုဖြစ်ပါတယ်။

လက်ရှိမှာ သရက်ခရိုင်အတွင်း သရက်၊ မင်းတုန်းနဲ့အထက်မင်းလှမြို့နယ်တွေမှာ အကြမ်းဖက်စစ်​ကြောင်းများ ဝင်ရောက်နေပြီး စစ်ရေးတင်းမာနေသလို၊ အဆိုပါစစ်ကြောင်းတွေထဲမှာလည်း ကပစ(၁၂) က စစ်သားတွေ ပါဝင်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ရှိ ပြည်သူလူထုနေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည် ဆင်းရဲတွင်းနက်နေချိန် နေပြည်တော် ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံသုံးပြီး ပြုပြင်မယ့် စစ်ကောင်စီ 

တိုင်းပြည်ဆင်းရဲနေချိန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးတဲ့ နေပြည်တော်က ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံ ကျော်အသုံးပြုကာ အသစ်ပြင်ဆင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တလုပ်မြို့ရွာတွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ထိခိုက်သူများလည်း ရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီထံမှ ပြည်သူ့စစ် သုံးဦး ပြည်သူ့ရင်ခွင်ထံ ခိုလှုံ

ချင်းပြည်နယ်၊ ဟားခါးဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ပြည်သူ့စစ် ၃ ဦးဟာ ပြည်သူ့ရင်ခွင်ကို ပူးပေါင်းလာတယ်လို့ Chinland Defense Force – Hakha က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးရာနယ်မြေတွေမှာ ရေဘေးသင့်ပြည်သူတွေကို NUG အစိုးရက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ ရေဘေးသင့်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် စက်တင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

၂ နှစ်ကျော်သည်အထိ စစ်ဘေးရှောင်နေရသည့် ကျေးရွာကို စစ်တပ်က စက်တပ်လေးထီးနှင့် လာရောက်ပစ်ခတ်

"တိုက်ပွဲဖြစ်တဲ့ဟာတော့ ဒီနေ့မရှိပါဘူးဗျ၊ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတော့ ဆော့ဒုံးပစ်ခတ်တာတွေတော့ရှိတယ်၊ ပစ်တာကလည်း ဒီရွာက ပစ်တယ်လို့မဆိုလိုဘူး၊ သူတို့ဝန်းကျင်က ပစ်တာဆိုတော့ သူတို့ထင်တဲ့နေရာကို ပါရာမော်တာ နဲ့ ၁၂၀ မမ ၂ လုံး ၄ လုံး နဲ့ ချသွားတာ ၂ လုံးကတော့ အိမ်ထဲမှာကျတယ်၊ ၂ လုံးကတော့ စာသင်ကျောင်းရဲ့ အနောက်ဘက်ယာခင်းထဲမှာ ကျတယ်" လို့ ဘုတလင်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။