မကွေးတိုင်း ပေါက်မြို့နယ်အတွင်း အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်လုံး ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း – ၁၂ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၀ ရက်က ပေါက်မြို့နယ် ကပစ ၂၄ က အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ သစ်ချိုကုန်း၊ပင်တောင်၊တပ်ကုန်း၊ရွာသစ်၊ ကိုင်းလယ်(ရဲစခန်း)မှ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်နဲ့ ထပ်မံပူးပေါင်းပြီး ထန်းတောလည်ကျေးရွာကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးနေချိန်မှာ ပခုက္ကူခရိုင် အမှတ် (၁၂) တပ်ရင်းမှ ရဲဘော်  ဟိန်းထက်  အသက် (၂၁)  နဲ့ ပေါက်မြို့နယ်၊စမ်းရေခုံကျေးရွာမှ ပြည်သူ မောင်ဝေဖြိုးပိုင် အသက်   (၁၆)  တို့ဟာ ပြည်သူများ ရှောင်ရှားနိုင်ဖို့ သွားရောက်ပြောကြားရာကနေ စစ်တပ်စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထန်းတောလည်ကျေးရွာမှာ တိုက်ပွဲ ၅ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး ဒဏ်ရာရရှိသွားကာ တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက်က ပြည်သူပိုင်ပစ္စည်းများ ခိုးယူပြီး တပ်ကုန်း ပျူရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာ ပေါက်မြို့နယ် တဲတော်ယာတောင်စုကိုလည်း အကြမ်းဖက်စစ်တပ်က ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နံနက် ၈ နာရီ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာတော့ တဲတောင်ယာတောင်စုမှ ပြည်သူပိုင်ပစ္စည်တွေခိုးယူပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်၊

အဲဒီတိုက်ခိုက်မှုတွေကို  စစ်ကြောင်းမှူး ဝဏ္ဏနှင့်  ဒုစစ်ကြောင်းမှူး ဆံရှည်တို့ ဦးဆောင်ပြီး ပခုက္ကူခရိုင် အမှတ်  (၁)၊(၅)၊(၁၁)၊(၁၂)၊(၁၈) ၊Young Revolution Front နဲ့ ပေါက်မြို့နယ် ပ.က.ဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – ပခုက္ကူခရိုင်တပ်ရင်း-၁၂

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူး ၂ ယောက် အပါအဝင် အရာရှိနဲ့ စစ်သည် ၆၁ ယောက် အလင်းဝင်ရောက်လာခဲ့ကြောင်း NUG ထုတ်ပြန် (ရုပ်/သံ)

၂၀၂၄ ဇန်နဝါရီလအတွင်း ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့ အရာရှိ၊ စစ်သည် ၃၅ ယောက်နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးစီးတဲ့ အရာရှိ၊ စစ်သည် ၂၆ ယောက် စုစုပေါင်း စစ်ကောင်စီဘက်သား ၆၁ ဟာ  ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 
Read More

လားရှိုးမြို့ မန်နားကျေးရွာကို အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချမှုကြောင့် ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိးမြို့ မန်နားကျေးရွာကို စက်တင်ဘာ ၃၀ ရက် ညပိုင်းအချိန်က အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read More

ထန်းတပင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး (ရုပ်/သံ)

ထန်းတပင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး (ရုပ်/သံ)
Read More

အင်အား ၂၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေ၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေကာ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၉ ယောက် သေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။