မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတဲ့ ၅ နှစ်တာကာလအတွင်း အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ စုစုပေါင်း ၂၇၄ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၆၊ဖေဖော်ဝါရီ ၁ အထိ ၅ နှစ်တာ ကာလအတွင်း နိုင်င့ရေးအကျဉ်းသား၊ အကျဉ်းသူ ၂၇၄ဦး သေဆုံးခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ (၂၅) ဦး၊ ၂၀၂၂ ခုနှစ်မှာ (၂၉) ဦး၊ ၂၀၂၃ ခုနှစ်မှာ (၅၅) ဦး၊ ၂၀၂၄ ခုနှစ်မှာ (၅၂) ဦးနဲ့ ၂၀၂၅ ခုနှစ်မှာ (၁၁၃) ဦး ဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှ စတင်ပြီး နှစ်စဉ် သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့ရာ ၂၀၂၅ ခုနှစ်ကတော့ သေဆုံးသူ ၁၁၃ ဦးအထိ ရှိခဲ့ပြီး ၅ နှစ်တာအတွင်းမှာ အဆိုးရွားဆုံးနှစ်ဖြစ်ကာ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းကတော့ ထောင်တွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရရှိခြင်း၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခြင်းနဲ့ သေဒဏ်ပေးခံရခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။



မြန်မာ့အကျဉ်းထောင်သက်သေ (MPW) က ဒါဟာ “ယခုအချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသားတွေကို အငြိုးအတေးထားပြီး သေဆုံးစေဖို့နဲ့ ကျန်ရှိတဲ့သူတွေကို အကြောက်တရားနဲ့ ရှင်သန်နေထိုင်စေဖို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ ထင်ရှားတယ်” လို့ ထောက်ပြထားပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ပါ အသက်ရှင်သန်ပိုင်ခွင့်နဲ့ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးဆိုင်ရာ အချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့လည်း MWP က ဆိုပါတယ်။

ဒါကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ စစ်ကောင်စီကို ဖိအားပေးဖို့၊ ထောင်တွင်း လူသတ်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုမှာ ပါဝင်သူတွေကို အရေးယူဖို့နဲ့ အကျဉ်းထောင်တွေအတွင်းကို နိုင်ငံတကာ စစ်ဆေးရေး ကိုယ်စားလှယ်တွေ စေလွှတ်ဖို့ စတာတွေကိုအရေးပေါ် ဆောင်ရွက်ပေးဖို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) ကနေ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံးကြဲလို့ ဒေသခံပြည်သူ ၂ ယောက် ပြင်းထန်ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကတော့ကမ်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်တပ်ရင်း - ၂ က ထုတ်ပြန်ထားပါတယ်။
Read More

လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီ ခမရ ၁၀၆ တပ်ကို Dark Shadow အဖွဲ့ အဝေးမိုင်းနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီး အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် မြင်လာရသလို ထိုးစစ်ဆင်ဖို့ အင်အားစုဖွဲ့မှုတွေလည်း ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မဲခေါင်အစည်းအဝေးကို တက်ရောက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာတာနဲ့ တပြိုင်နက် သူ့ရဲ့ အာဏာသိမ်း စစ်တပ်ဟာ ရှမ်းမြောက်ဒေသနဲ့ ကရင်နီပြည်တို့မှာ လူအင်အားဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူး ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ အုပ်ချုပ်ရေးမှူးရဲ့သား အပါအဝင် ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်ပျူစောထီးဂိတ်ကို ဝင်ရောက်တိုက်ခိုက််််််မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ အပါအဝင် ပျူစောထီး ၃ ယောက် နေရာတင် သေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ကြိုတင်ချိတ်ဆက်ခြင်း မရှိဘဲ တာဝန်ကျချိန် ရုတ်တရက် ထွက်ပြေးအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ ဝာာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၁ယောက် စစ်တပ်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးပြီး အလင်းဝင်ရောက်လာကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။