စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ရဲ့ကထင်ကရနေရာတစ်ခုမှာ ဒီကနေ့ မနက်ပိုင်း အာဏာသိမ်းငါးနှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ကျင်းပတဲ့ အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ “တော်လှန်ဒီရေမြင့်သစ်သို့” ဆိုတဲ့ဘန်နာကို ကိုင်ဆာင်လျှက် ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“တော်လှန်ခရီးကြမ်း (၅)နှစ်တိုင်ခဲ့‌ချေပြီ။ (၅)နှစ်တာကာလအတွင်း စစ်ရေး၊နိုင်ငံရေး အနိမ့်အမြင့် အတက်အကျ အလှည့်အပြောင်း များစွာကို ရင်ဆိုင်ကြုံတွ့ခဲ့ရပေသည်။ ယခုထက် ပိုမိုခိုင်မာအား‌ကောင်းသည့် စုစည်းညီညွတ်မှု၊ စုဖွဲ့ပြင်ဆင်မှုတွေနဲ့အတူ တော်လှန်ပြည်သူလူထုအားနဲ့ တော်လှန်ဒီရေ အရှိန်အဟုန်မြှင့်တင်ကာ အခက်ခဲ ကျောက်ဆောင်တွေကို ကျော်ဖြတ်ကြပါစို့” လို့လည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်းစကားပါး ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် SUU 80th” လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ယနေ့ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ရန်ကုန်မြို့လယ်မှာ SUU 80th" စာသားကိုင်‌ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမှ မုံရွာသို့ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၁၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်  မုံရွာ-မန္တလေး လမ်းပိုင်းမှာ  ဇန်နဝါရီ ၂၂ ရက်က Acid Tanker Trucks ယာဉ်များ၊ Jumper ယာဉ် ၈ စီးအပါအဝင် အရာရှိတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ မှန်လုံယာဉ် ၃ စီးတို့အား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကန်ပိုက်တီးနယ်စပ်ဂိတ်နဲ့ ဌာနဆိုင်ရာတွေမှာ KIA အလံကိုလွှင့်ထူ (ရုပ်/သံ)

ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်း အပါအဝင် ဌာနဆိုင်ရာတွေမှာ KIA က ကချင်အမျိုးသားအလံတော် ကိုလွှင့်တင်လိုက်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ တန့်ကြည့်တောင်ခြေရင်းရှိ အကြမ်းဖက်စစ်အုပ်စုကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေး (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း ရဲဘော်တွေအတွက် အမှတ် (၁) တပ်ရင်း ဘဏ္ဍာရေးရှာဖွေရေးကော်မတီ ''ဝိုင်းတွန်းဇို့''က ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။