မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၅ နှစ်ပြည့်မြောက်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတော်လှန်ရေးအင်အားစုများ စုပေါင်းပြီး “အကြမ်းဖက်စစ်တပ် ဆန့်ကျင်အမြစ်ဖြတ်” လူထုဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ချုပ် (MFDMC) ရဲ့ အတွင်းရေးမှူး ကိုလင်းအိမ်ထံမှ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ၊ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဘိုရှီးဂတ်ရင်ပြင် (Bosingak Park) မှာ နေ့လယ် ၁၂ နာရီကနေ ၃ နာရီအထိ အဆိုပါ လူထုဆန္ဒပြပွဲကို တခဲနက် ကျင်းပဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ လူထုဆန္ဒပြပွဲကို “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံအခြေစိုက် NUG ကိုယ်စားလှယ်ရုံးအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၄၀ ကျော်တို့မှ အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနဲ့ မော်ဒယ် မေမြတ်နိုးအပါအဝင် ကိုရီးယားရောက်မြန်မာများ တက်ရောက် အားဖြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ကိုရီးယားရောက် မြန်မာပြည်သူတွေက သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝ (လုံးဝ) လက်မခံကြောင်းနဲ့ အဲဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် လိမ်လည်မှုသာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှတစ်ဆင့် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ရန်ဖို့ NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် တောင်ကိုရီးယားအစိုးရအနေနဲ့ စစ်တပ်အပေါ် တင်းမာတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းဖို့၊ လက်နက်နဲ့ နည်းပညာဝယ်ယူမှု ကွန်ရက်တွေကို ဖြတ်တောက်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကော်မရှင်မှတဆင့်မဟုတ်ပဲ စစ်ဘေးသင့်ပြည်သူတွေထံ တိုက်ရိုက်ရောက်ရှိနိုင်မယ့် လမ်းကြောင်းတွေကနေ ပေးအပ်ဖို့အတွက် တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ တောင်ကိုးရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာလည်း ဘူဆန် Network နဲ့ MFDMC တို့ပူးပေါင်းပြီး အကြမ်းဖက်အာဏာသိမ်း ၅နှစ်ပြည့် လူထုဆန္ဒပြပွဲကို ဒီကနေ့မှာပဲ တပြိုင်နက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များ ပြတ်သားစွာ ငြင်းပယ်ရမည်ဟု တွမ်အင်ဒရူးစ် တိုက်တွန်း

မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။
Read More

စစ်ဖြစ်နေသည့်အဖွဲ့အားလုံး စားပွဲဝိုင်းခေါ်ပြီး မြန်မာ့အရေး တွေ့ဆုံညှိနှိုင်းရန် မလေးရှားဝန်ကြီးဟောင်း တိုက်တွန်း

မြန်မာ့ပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့အားလုံးကို စားပွဲဝိုင်းခေါ်ပြီး စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းက မလေးရှားအစိုးရကို တိုက်တွန်းပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရ ဖမ်းဆီးအရေးယူဖို့ ထိုင်းလွှတ်တော်အမတ် တိုက်တွန်း

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အပါအဝင် လူကုန်ကူးမှုတွေ လုပ်ကိုင်နေသူတွေကို ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့က ကာကွယ်ပေးနေတာကြောင့် BGF ခေါင်းဆောင်ဖြစ်သူ စောချစ်သူကို ထိုင်းအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုအပ်ကြောင်း ထိုင်းလွှတ်တော်အမတ်က တိုက်တွန်းပြောဆိုလာပါတယ်။ 
Read More

တရားမဝင် မြန်မာအာဏာသိမ်းမှု ၅ နှစ်ပြည့်မှာ ယူကေနှင့် သြစတြေးလျတို့က မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်၊ စစ်တပ်၏ အကြမ်းဖက်မှုများကို ရှုတ်ချပြီး၊ ၎င်းတို့၏ ရွေးကောက်ပွဲသည် လွတ်လပ်မှုမရှိသလို တရားမဝင်ဟုလည်း ဆို

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းယူခဲ့တာ ၅ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သြစတြေးလျနဲ့ ယူကေနိုင်ငံတို့က မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ 
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။