မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်ဆိုရင် ၅ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့၊ လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်းက ဆက်လက်တောင်းဆိုလျက်ရှိပါတယ်။

”မေမေ့စိတ်ကို ကျွန်တော်သိပါတယ်။ မေမေရဲ့တစ်ခုတည်းသောဆန္ဒက သူ့ပြည်သူတွေ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ ၊ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေး၊ ပညာရေးနဲ့  အားလုံးအတွက်အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်လာဖို့ပါပဲ။   မေမေက ဒီရည်ရွယ်ချက်အတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့ပါတယ်။  ဒီနေ့မှာတော့ မေမေ ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။

မိသားစုနဲ့ကော ရှေ့နေတွေ ဆရာဝန်တွေနဲ့ပါ တွေ့ခွင့်ငြင်းဆန်ခံရသလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်ဖြတ်ခံထားရပါတယ်”လို့ ကိုထိန်လင်းက ဆိုပါတယ်။ 

လက်ရှိစစ်အာဏာရှင်ဟာ တရားဝင်မှုရရှိစေဖို့ အတုအယောင်ရွေးကောက်ပွဲ တစ်ခုကို လုပ်ကြံဖန် တီးနေပြီး အမှန်တကယ်ပြည်သူမဲဆန္ဒအရ အနိုင်ရရှိခဲ့သူတွေကို ထောင်ချထားဆ၊ သတ်ဖြတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

”ကျွန်တော် ရှင်းရှင်းပြောပါမယ်။ လွတ်လပ်မှုမရှိဘဲ တရားဝင်မှု မရှိနိုင်ပါဘူး။နိုင်ငံရေးအကျဉ်းသားတွေ ဖျောက်ဖျက်ခံထားနေရတဲ့အချိန်မှာ ဒီမိုကရေစီဆိုတာ မရှိပါဘူး။ကြောက်ရွံ့ခြင်းပေါ် တည်ဆောက်နိုင်တဲ့ အနာဂတ်ဆိုတာ မရှိပါဘူး။ရိုးရှင်းပြီး အခြေခံကျတဲ့ အရာတစ်ခုကို ကျွန်တော်တို့ တောင်းဆိုနေတာပါ။မေမေနဲ့တွေ့ချင်ပါတယ်။ နိုင်ငံတကာက ဒါကို တောင်းဆိုနိုင်တဲ့ခွန်အားရှိပါတယ်။နှုတ်ဆိတ်နေတာဟာ သမာသမတ်ကျတာ မဟုတ်ပါဘူ”လို့ ဆိုပါတယ်။ 

လက်ရှိမြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းခံခဲ့ရတဲ့ ၅ နှစ်တာ ကာလအတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ၊ လိမ်လည်ဂိုဏ်းကြီးတွေ ကျက်စားရာဗဟိုချက်တစ်ခုဖြစ်နေပြီး ပြည်သူများသာမက ကမ္ဘာ့လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီလို့ ကိုထိန်လင်းက ပြောပါတယ်။

Video – Kim Aris-Htein Lin

0 Shares:
You May Also Like
Read More

ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း မင်းလှမြို့နယ် ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) မှ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲံ တာဆုံအနီး ဘုရားမှာ အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကား

''မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်''
Read More

နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်‌တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ Vest တွေကို ဝယ်ပြုနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို ဒီနေ့ မတ်လ ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည် ဘော်လခဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Bawlakhe PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို CDF-Asho ဖမ်းဆီးရမိ (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို မကွေးတိုင်း ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်အတွင်း ဖမ်းဆီးမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) CDF-Asho ထံက သိရပါတယ်။