မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က သုံးပွင့် ဗိုလ်ကြီး(၁) ယောက်အပါအဝင် စစ်သား (၂၇) ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) သတင်းပြန်ကြားရေးတာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က ချောက်မြို့နယ်အတွင် အင်အား ၁၅၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဗမာ့တပ်တော်၊ လက်ရုံးတပ်ဖွဲ့ နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့​တွေက (၂) ကြိမ်တိတိ တိုက်ခိုက်ခဲ့တာပါ။

ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အဲ့ဒီနေ့မနက်ပိုင်းမှာ ချောက်မြို့နယ်အတွင်းက ဗမာ့တပ်တော် စိုးမိုးထားတဲ့နယ်မြေ​တွေထဲ ဝင်ရောက်လာချိန်မှာ ထိန်ကန်ကျေးရွာနဲ့ လွင်ကြယ်ကန်ကျေးရွာအရောက် တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကွင်းထဲဝင်တိုးမိပြီး ပေါက်ကွဲမှုတွေဖြစ်ကာ ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့လည်ပိုင်းအရောက်မှာလည်း တော်လှန်ရေးတပ်တွေက ထပ်မံ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်း အထိနာသွားပြီး လက်နက်ကြီးတွေပစ်ကူတွေနဲ့ ဆုတ်ခွါသွားခဲ့တယ်လို့ ဗမာ့တပ်တော်က ထုတ်ပြန်ပါတယ်။

စစ်‌ကြောင်းဟာ အဲ့ဒီနေ့ ညနေပိုင်းမှာ ထိန်ကန်ကျေးရွာက​ အရပ်သားနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို နောက်တစ်နေ့ ဇန်နဝါရီလ (၂၉)ရက် မနက်ပိုင်းမှာလည်း ထိန်ကန်ကျေးရွာက အရပ်သား ၁ ယောက်နဲ့ လမ်းပြ အရပ်သား ၁ ယောက်တို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားပိုင် ဆိုင်ကယ်​​တွေကိုပါ မိးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပြီး အဲ့ဒီနေ့မှာပဲ နောက်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ပြောပါတယ်။

” တိုက်ပွဲမှာ သူတို့အထိနာတာက မိုင်းနဲ့ ထိတာလဲရှိသလို ပစ်ခတ်ရင်း ထိတာတွေလည်း ပါပါတယ်” လို့ ဗမာ့တပ်တော်(BAMAR ARMY) သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ပွဲကို ဗမာ့တပ်တော်(BAMAR ARMY)၊ အမှတ်(၃)စစ်ဦးစီးကွပ်ကဲ‌ရေးဒေသ၊ အမှတ် (၇၀၇)တပ်ရင်း လက်ရုံးတပ်ဖွဲ့နဲ့အတူ မဟာမိတ်တပ်​တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဘက်က အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

လာမယ့် ၅ နှစ်အတွင်း တရုတ်က မြန်မာနိုင်ငံအတွင်း နည်းပညာမြှင့်တင်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ် ဆောင်သွားဖို့ရှိပြီး ခေတ်မီနည်းပညာပံ့ပိုးကူညီမှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံး တာဝန်ခံ မစ္စတာ ကျောင်းဟွေ့က ပြောဆိုလိုက်ပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု အရက်သောက်ရင်း စကားများပြီး ပစ်ခတ်မှုဖြစ်၊ သေဆုံးမှုရှိကာ စစ်သားတချို့ လက်နက်နဲ့ ထွက်ပြေး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ မက္ကသံ ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သားတွေ အုပ်စုဖွဲ့ အရက်သောက်ရာကနေ စကားများပြီးသေနတ်နဲ့ ပစ်ခတ်မှုတွေအထိ ဖြစ်ပွါးခဲ့ကာ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးအနောက်ပိုင်း ပျူစိုးမိုးနယ်မြေမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့အနောက်ပိုင်းမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး စစ်ကောင်စီကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြို့တော်ခန်းမရှေ့တွင် “Reject the Illegal election” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့မှာ 'Reject the Illegal election' စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးလိုက်တယ် လို့ Rangoon Scout Network ဆီက သိရပါတယ်။