ပဲခူးတိုင်း ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးရိုးမ ဗျူဟာ – ၂၁ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညပိုင်းက ပေါက်‌ခေါင်း-အုတ်တွင်းလမ်းရှိ ပြောင်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်း အထိနာပြီး ဇန်နဝါရီ ၂၉ ရက်က ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာလာစဉ် ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း တံခွန် တိုင်အနီး တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းကွင်း ၂ ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် တွေနဲ့ စောင့်ကြိုပစ်ခတ်ခဲ့ရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးပြီး MA-4 ၁ လက်၊ ၄၀ မမ ဗုံးသီး ၁ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အကြိမ်ကြိမ်တိုက်ခိုက်ခံရတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက ပေါက်ခေါင်းမြိုနယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ရောက်ရှိလာစဉ် အင်အား ၆၀ ဝန်ကျင်ခန့်သာရှိတော့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ(၂၁)ကွပ်ကဲမှူ့ဖြင့် ဗျူဟာရုံးတိုက်ခိုက်ရေးတပ်ဖွဲ့၊ (၃၆၀၁)တပ်ရင်း တပ်ရင်းစစ်ကြောင်း၊ (၃၆၀၂)တပ်ရင်း တပ်ခွဲ(၃)၊တပ်ခွဲ(၁) တို့မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပဲခူးရိုးမ ဗျူဟာ-၂၁ PDF

0 Shares:
You May Also Like
Read More

သစ်ရုံကျေးရွာအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မိုင်းငေါ့မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းမှ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့ Paragon Hotel မှာ ၃ ရက်ကြာ ပိတ်မိနေတဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

အင်အားပြင်းငလျင်လှုပ်ခတ်မှုကျကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ Paragon Hotel အတွင်း ၃ ရက် ကြာ ပိတ်မိနေတဲ့ အသက် (၁၉)အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို မတ်လ ၃၀ ရက် မနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ PTT ဓာတ်ဆီဆိုင်နှင့် 7-Eleven ကို ဒုံးကျည်ထိမှန်ပြီး ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ (ရုပ်/သံ)

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ဖြစ်နေပေါ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ဇူလိုင်လ ၂၄ရက် ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်စစ်တပ်တွေ လက်နက်ကြီးနဲ့ လေကြောင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”

"သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”
Read More

မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး MBT ရဲဘော် ၂ ဦးကျဆုံး၊ ၁၄ ဦး ဒဏ်ရာရ (ရုပ်သံ)

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ MBT ရဲဘော် ၂ ဦးကျဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black tiger မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက မြင်းခြံမြို့နဲ့ နွားထိုးကြီးမြို့ကြား အကြမ်းဖက်စစ်တပ်နဲ့ Myingyan Black Tiger တပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။