ပဲခူးတိုင်း ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးရိုးမ ဗျူဟာ – ၂၁ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညပိုင်းက ပေါက်‌ခေါင်း-အုတ်တွင်းလမ်းရှိ ပြောင်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်း အထိနာပြီး ဇန်နဝါရီ ၂၉ ရက်က ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာလာစဉ် ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း တံခွန် တိုင်အနီး တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းကွင်း ၂ ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် တွေနဲ့ စောင့်ကြိုပစ်ခတ်ခဲ့ရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးပြီး MA-4 ၁ လက်၊ ၄၀ မမ ဗုံးသီး ၁ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အကြိမ်ကြိမ်တိုက်ခိုက်ခံရတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက ပေါက်ခေါင်းမြိုနယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ရောက်ရှိလာစဉ် အင်အား ၆၀ ဝန်ကျင်ခန့်သာရှိတော့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ(၂၁)ကွပ်ကဲမှူ့ဖြင့် ဗျူဟာရုံးတိုက်ခိုက်ရေးတပ်ဖွဲ့၊ (၃၆၀၁)တပ်ရင်း တပ်ရင်းစစ်ကြောင်း၊ (၃၆၀၂)တပ်ရင်း တပ်ခွဲ(၃)၊တပ်ခွဲ(၁) တို့မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပဲခူးရိုးမ ဗျူဟာ-၂၁ PDF

0 Shares:
You May Also Like
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစစ်စခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီအနီးရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစစ်စခန်းမှတ်တမ်းရုပ်သံကို Justice Soldier PDF မှ ထုတ်ပြန်လိုက်ပါ တယ်။
Read More

စလင်း-ဆင်ဖြူကျွန်းကားလမ်းတွင် ဖမ်းဆီးမိခဲ့သည့် စစ်တပ်ထုတ်ကုန် Myanmar Beer များအား ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်မှာ ဖမ်းဆီးမိတဲ့ စစ်တပ်ထုတ်ကုန် Myanmar Beer တွေကို ရှင်းလင်းခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ဧပြီ ၃၀ ရက်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KNLA နဲ့ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ Sky Hunter ပရောဂျက်မှာ ပါဝင်ကူညီပေးဖို့ တောင်းဆို (ရုပ်/သံ)

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က  “လင်းယုန်အစာကောက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ ပရောဂျက်ကို စတင်လိုက်ပြီး ဒရုန်းစစ်ဆင်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။
Read More

ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။