ထိုင်းနိုင်ငံအတွင်း အကြောင်းမျိုးစုံနဲ့ ရောက်ရှိနေကြတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ ကလေးငယ်တွေအတွက် အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တန်းတူညီမျှ ပညာသင်ကြားခွင့်ပေးမယ့် ဥပဒေသစ်တစ်ရပ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထိုင်းတော်ဝင်ပြန်တမ်း (Royal Gazette) က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဥပဒေသစ်အရ ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေထိုင်နေတဲ့ ကလေးငယ်မှန်သမျှဟာ အိမ်ထောင်စုစာရင်း အထောက်အထား ရှိရှိမရှိရှိ၊ ထိုင်းနိုင်ငံသား ဖြစ်ဖြစ်မဖြစ်ဖြစ် ဘယ်သူမဆို ပညာသင်ကြားခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းအပ်နှံရာမှာလည်း ကလေးမှာ အထောက်အထား ဒါမှမဟုတ် ထိုင်းမှတ်ပုံတင်နံပါတ် (၁၃) လုံး မရှိခဲ့ရင်တောင် ကျောင်းကနေ G Code လို့ခေါ်တဲ့ အထူးမှတ်ပုံတင် နံပါတ်ကို ထုတ်ပေးမှာဖြစ်ပြီး အဲဒီနံပါတ်နဲ့ ပညာသင်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကျောင်းတွေအနေနဲ့ မိဘတွေနဲ့ ပူးပေါင်းပြီး ကလေးတွေကို တရားဝင်အထောက်အထား ရရှိလာအောင် သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဥပဒေဟာ လာမယ့် ပညာသင်နှစ်ကစပြီး ထိုင်းနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျောင်းအားလုံး ကို သက်ရောက်မှာဖြစ်ပြီး ဒီလို ပြင်ဆင်လိုက်ရတဲ့ ရည်ရွယ်ချက်ဟာ ထိုင်းနိုင်ငံမှာ ကြီးပြင်းလာမယ့် ကလေးတွေအနေနဲ့ ပညာတတ်ပြီး ရေရှည်မှာ နိုင်ငံတော်အတွက် အကျိုးပြုမယ့်သူတွေ ဖြစ်လာအောင် ရည်ရွယ်ပြီး ပြင်ဆင်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ- ထိုင်းနိုင်ငံ​တောင်ပိုင်း ဖန်ငခရိုင်ရှိ FED ပညာသင်​ရေး​ကျောင်း၌ ​တွေ့ရ​သော မြန်မာက​လေးငယ်များ (ဓာတ်ပုံ – FED)
0 Shares:
You May Also Like
Read More

အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်နေတဲ့ စစ်ကောင်စီကို ကုလနဲ့ နိုင်ငံတကာက လက်ပိုက်ကြည့်နေဆဲလား

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆေးဝါးပစ္စည်းများ သယ်ဆောင်ကာ ဂျပန်စစ်လေယာဉ် မြန်မာပြည်ကို လာရောက်မည်

ဆေးဝါးပစ္စည်းတွေ အစုံအလင်ပါဝင်မယ့် ဂျပန်စစ်တပ်ရဲ့ C-130 ကူညီကယ်ဆယ်ရေး လေယာဉ်ဟာ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။ ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF ( Self-Defense Force)အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာလာမှာ ဖြစ်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးပါ မော်တော်ကား ထိုင်းရဲ လိုက်ဖမ်းချိန် မြစ်ထဲ ထိုးကျပြီး အဖမ်းခံရ…

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဥ် ၁ စီး ထိုင်းရဲ လိုက်ဖမ်းချိန် မောင်းပြေးရာက မြစ်ထဲကျပြီး ကားပေါ်ပါလာသူတွေ ဖမ်းဆီးခံရတယ်လို့ Khaosod သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရပိုင်မြေများကို မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထားကာ အွန်လိုင်းမှ ရောင်းချမှုများ ပြုလုပ်နေ

မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူတွေကို ပစ်မှတ်ထားပြီး ထိုင်း- မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းတဲ့ နေစရာနေရာအဖြစ် ထိုင်းအစိုးရပိုင်မြေတွေကို အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေ ရှိတယ်လို့ ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြထားပါတယ်။
Read More

NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ ၂ ဦးနှင့် တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနဲ့ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူး Ms. Mathilde Teruya နဲ့ မြန်မာ၊ ထိုင်း တာဝန်ခံ Mr. Frédéric Inza တို့ကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။