ချင်းပြည်နယ် တီးတိန်မြို့နယ် New Suangpi ကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ဖလမ်းမြို့နယ် Lumbang ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက် နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ တီးတိန်မြို့နယ် New Suangpi ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းထိမှန်ကာ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Video-Luaipi Luaipi

0 Shares:
You May Also Like
Read More

ဝမ်ပေါင်ကြေးနီယာဉ်တန်းအတွက် လမ်းလုံခြုံရေးပေးထားတဲ့ စစ်သားကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းမှာ တွဲကား ၆၈ စီး ယာဉ်တန်းကို လမ်းလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားကင်းပုန်းတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီအနီး လုံခြုံရေးကင်းယူရင်း ပိုက်ဆံတောင်းနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၆ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီး လုံခြုံရေးကင်းယူပြီး လမ်းသွားပြည်သူတွေထံ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက်‌သေဆုံးခဲ့တယ်လို့ Black Eagle LPDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့ယ်အတွင်း ပြည်သူနေအိမ်တွေ မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲ ဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃၊ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃၊ အပတ်စဉ် ၆ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ မိုးကြိုးစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာနှင့် ညောင်ဦးတွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးပြီး စစ်ကောင်စီဘက်မှ အများအပြား သေ၊ တော်လှန်ရေးရဲဘော် ၁၁ ဦး ကျဆုံးခဲ့ရကာ ၁ ဦး ပျောက်ဆုံးနေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်မှာ ရွာစဉ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၁၁ ယောက်ကျဆုံးခဲ့ရကာ ၁ ယောက် ပျောက်ဆုံးနေကြောင်း Popa Production & Guerilla Force က သတင်းထုတ်ပြန်ထားပါတယ်။