စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေနဲ့ မီးဘေးသင့်ပြည်သူတွေကို အခြေခံ စားနပ်ရိက္ခာတွေကို ကူညီထောက်ပံ့ခဲ့တယ်လို့ ရေစကြိုအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Southern YSO PDF အဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

စစ်မီးဒဏ်ကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် Southern YSO PDF အဖွဲ့ဝင်တွေက ဆန်၊ ဆီ နဲ့ အခြေခံလိုအပ်တဲ့ စားနပ်ရိက္ခာတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းကူညီပေးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မကြာသေးမီက မီးဘေးဒဏ်သင့်ခဲ့ရတဲ့ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် Southern YSO PDF မှ ကိုယ်တိုင်သွားရောက်ကာ ဆန်နဲ့ စားနပ်ရိက္ခာ စုစုပေါင်း (၄၅) အိတ် ကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Southern YSO PDF အဖွဲ့ကတော့ “ပြည်သူ့ဘဝ တစ်နေ့တာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းနဲ့ စားဝတ်နေရေး အခက်အခဲတွေ အနည်းငယ်မျှ လျော့ပါးသွားအောင် လူသားစာနာစိတ်နဲ့ အခုလို ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ပြည်သူသည် အားဖြစ်သည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Southern YSO PDF အနေနဲ့ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်သွားမှာဖြစ်ပြီး တော်လှန်ရေး အောင်ပွဲရတဲ့အထိ လူသားစာနာမှုဆိုင်ရာ ကူညီပံ့ပိုးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ဆေးရေးလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးသည့် ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တပ်ရွာက ပျူစောထီးတစ်ယောက်ကို စစ်ဆေးမှုပြုလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေလ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ်ရှိ ရေနံမှော်နေရာများအား စစ်အုပ်စု ၃ ရက်ဆက် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်သူများလည်း ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

မြင်းမူမြို့၊ ရွှေဧကရာဇ်ရွှေဆိုင်မှ ဓားပြတိုက်လာသူ ၄ဦးကို ဧရာဝတီမြစ်ကြောင်းအတွင်း PDF များဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာတဲ့အဖွဲ့ကို တိုက်ရာပါပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ အသင့်စောင့်ကြို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့ ပေါ်တွင်ပစ်ခတ်မှုဖြစ်ပြီး ရဲတစ်ချို့ထိမှန်ဒဏ်ရာရ၊ ပြည်သူတစ်ဦးကို ရဲများဖမ်းဆီးထား

ကချင်ပြည်နယ် ၊ ဖားကန့်မြို့ပေါ် ဥရုရတနာ ကျောက်စိမ်းတောင်တံတားအနီး စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ နယ်မြေခံတွေ ဆီကသိရပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောင်းသားတပ်မတော် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်အဖွဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် တွေ့ဆုံ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) - ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်းနဲ့ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်လှဌေး တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။