စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတက္ကသိုလ်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၆ ယောက် မျက်မြင်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၅) ရက်နေ့ ညပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတက္ကသိုလ်ဝန်းနဲ့ တက္ကသိုလ်ရှေ့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

အကြမ်းဖက်စစ်သားတွေဟာ ဂိတ်အနီးအနားက ပြည်သူပိုင် သုံးထပ်တိုက်တစ်လုံးမှာ အတင်းအဓမ္မ ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ချိန်မှာ အများစုဟာ လသာဆောင်ပေါ် သောက်စားနေကြတာလို့လည်းလင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) ကပြောပါတယ်။

ပုံစာ- စစ်ကိုင်းတက္ကသိုလ် (ပုံဟောင်း)

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ဂိတ်စခန်းဘန်ကာတွေထဲက စစ်သားတွေကို အရင်ဆုံး တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၆ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်ထဲ စစ်ကိုင်းတပ်မ (၃၃) နဲ့ စကိုင်းခရိုင်ချင်းဆက်လမ်း၊ စာရေးလမ်းခွဲမှာရှိတဲ့ စစ်တပ်ဂိတ်တွေကနေ လက်နက်ကြီးများနဲ့ ရမ်းကားပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲနောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီး လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်ရက်ပိုင်းတွေထဲ စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ဖို့ရှိပြီး ပူးပေါင်းလက်တွဲလိုတဲ့ မဟာမိတ်တွေလည်း ကြိုဆိုနေတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ထားတယ်။

0 Shares:
You May Also Like
Read More

အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်မှာ လက်နက်ကိုင်တွေ အချင်းချင်း ညီညွတ်ကြဖို့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ဟာ အဓိက ရည်မှန်းချက်ဖြစ်တာကြောင့် လက်နက်ကိုင် တော်လှန်နေသူတွေအားလုံး အချင်းချင်းကူညီကြဖို့ကို KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ကို စိန်ခေါ်ထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ဦး ကွမ်းယာထွက်ဝယ်ရင်း ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်တွင် ကျေးလက်ဆေးပေးခန်းကို ဝင်ရောက်ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦး မျက်မြင်သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဆေးပေးခန်းကို ဖျက်ဆီးခိုးယူနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် မျက်မြင် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၃၇၀၃ တပ်ရင်း (Fire Dragon) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူ့အခွင့်အရေး ချိုးဖောက်‌နေသည့် အကျဉ်းဦးစီးဝန်ထမ်း‌များကို အရေးယူနိုင်ရန် တော်လှန်ရေးအဖွဲ့တွေထံ ကိုယ်ရေးအချက်အလက်များ ဖြန်ဝေသွားမည်ဟု PPNM ထုတ်ပြန်

"ကျွန် တော်တို့က လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းဖြစ်တာ ကြောင့် လူ့အခွင့်အရေးနဲ့အညီ အရေးယူသွားမှာပါ" လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။