ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသူ ၃၀ နီးပါးဟာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံထားရပြီး လူ့အခွင့်ရေး ချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ထဲမှလွှတ်ပေးဖို့နဲ့ ထောင်ပိုင်နဲ့ တွေ့ခွင့်ခွင့်ရဖို့ တောင်းဆိုခဲ့ရာ ထောင်ပိုင် သီဟထွဋ်နဲ့ ညွှန်မှူးတို့က တွေ့ဆုံခွင့်မပေးဘဲ တောင်းဆိုတဲ့ အကျဉ်းသူတွေကိုပါ ထပ်မံတိုက်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဒိုက်ဦးအကျဉ်းထောင်မှာ ၃ နှစ်ကျော်အထိ တိုက်ပိတ်ခံထားရတဲ့ မိုးမိုးစန်း၊ နွေးနွေးမြင့်လွင်နဲ့ ဂျူးဇင်သီတို့အပြင် ပြီးခဲ့တဲ့ ခရစ္စမတ်ကာလအတွင်း ဆုတောင်းသီချင်း ဆိုခဲ့တာကြောင့် တိုက်ပိတ်ခံရသူ ၁၀ ဦး အပါအဝင် စုစုပေါင်း နိုင်ငံရေးအကျဉ်းသူ ၃၀ နီးပါးအထိ တိုက်ပိတ်ခံထားရတယ်လို့ PPNM က ဆိုထားပါတယ်။

“၃ နှစ် တိုက်ပိတ်ခံထားရတယ် ဆိုတဲ့အခြေအနေကို ကျွန်တော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ၂၀၂၃ ကတည်းက တိုက်ပိတ်ခံထားရတာာလား … သူတို့ တိုက်ပိတ်ပစ်ဒဏ်ကို ၃ နှစ် ချခံထားရတာလားပေါ့။ ၃နှစ်ဆိုတာက မဖြစ်နိုင်တဲ့ အခြေအနေပါ”လို့ PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက မောင်းကို ပြောပါတယ်။

ထောင်အာဏာပိုင်တွေဟာ တိုက်ပိတ်ထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသမီးတိုက် မ-၃ ခန်းနဲ့ ကျား-၄ ခန်းတို့မှာ ခွဲခြားထားရှိပြီး နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) လာရောက်တဲ့ အခါတိုင်းမှာလည်း အဆိုပါ အကျဉ်းသူများနဲ့ မတွေ့ဆုံစေနိုငိဖို့ နေရာရွှေ့ပြောင်းကာ ဖုံးကွယ်ထားလေ့ရှိတယ်လို့ သိရပါတယ်။

“တိုက်ပိတ်ခံရသူတွေက တိုက်ဆိုတဲ့နေရာကို သီးသန့်သွားရပါတယ်၊ အမျိုးသားတွေက အမျိုးသားတွေကို ထားတဲ့တိုက်ရှိသလို၊ အမျိုးသမီးတွေလည်း သီးသန့်ရှိပါတယ်။ အခုက ဒိုက်ဦးအကျဉ်းထောင်မှာ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၃၀ နီးပါးဖြစ်လာတော့ အမျိုးသမီးတိုက်က မလုံလောက်တော့ဘူး။ အဲ့တော့ အမျိုးသားဆောင်က တိုက်ထဲမှာပါ တိုက်ပိတ်ခံထားရတဲ့ အခြေအနေ ဖြစ်နေတာပါ”လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းဦးစီးဌာနမှ တာဝန်ခံ နှစ်ပွင့် ဇင်မာကြည်အောင်ဟာ အကြောင်းမဲ့ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ခေါ်ထုတ်ရိုက်နှက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဆောင်းရာသီကာလအတွင်း တိုက်ပိတ်ခံထားရသူတွေမှာ စောင်နဲ့ အနွေးထည်တွေ လုံလုံလောက်လောက် မရရှိနေတဲ့အပြင် ဆိုးဝါးတဲ့ နေထိုင်မှုအခြေအနေတွေကြောင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒိုက်ဦးထောင်အတွင်းက အခြေအနေတွေကို အထူးအာရုံစိုက်ပြီး ထောင်အာဏာပိုင်တွေကို ဖိအားပေးဖို့ ကို PPNM က တိုက်တွန်းနှိုးဆော်ထားပါတယ်။
0 Shares:
You May Also Like
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

မြစ်ရေညစ်ညမ်းမှုများရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်တိုးချဲ့ပေးနေ

ရွှေတူးဖော်မှုကြောင့် ကော့မြစ် (နမ့်ခုတ်မြစ်) ရေ ညစ်ညမ်းမှုတွေ ရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်လက်တိုးချဲ့ ချထားပေးနေကြောင်း၊ ပိုင်ခမ်းရွာအနီးမှာ နေရာသစ်တွေရှာဖို့ ဒေသခံတွေကို ငှားရမ်းနေကြောင်း ရှမ်းပြည်နယ်၊ ကော့မြစ် (နမ့်ခုတ်မြစ်)အနီးက ဒေသခံကို ကိုးကားပြီး CTN သတင်းက ဖော်ပြပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF ထုတ်ပြန်၊ စစ်ကောင်စီအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ကူမင်းကို အခုတစ်ပတ်ထဲ လာမယ်လို့ တရုတ်အစိုးရအတည်ပြု

တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
Read More

BPLA ၏ NCO (အကြပ်) သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က အမှတ် ၁၀၇ စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။