မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပျဉ်းချောင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်သားတွေကို စီးနင်းလာတဲ့ ကားအား ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ထောက်ကြံ့ကွင်းဂိတ်မှ ပျဉ်းချောင်းရွာသို့ ပြန်လာတဲ့ စစ်ကော်မရှင် တပ်သားတွေကို တပ်တွင်းဖရဲသီးရဲ့ သတင်း‌ပေးပို့ချက်အရ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ကားပေါ်ရှိ ဗိုလ်ကြီး ၁ အပါအဝင် တပ်သား ၂ ဦးဒဏ်ရာရရှိသွားပြီး တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ စစ်ကော်မရှင်တပ်သားတွေကို မကွေးစစ်ဆေးရုံကြီးမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ တို့က လုပ်ဆောင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက် (ရုပ်/သံ)

ရှေ့တန်းမြေပြင်မှ မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက်တွေကို ယခုလိုပဲပြောပြခဲ့ကြပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး စစ်အုပ်စု အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး ၁၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါက်နယ်နဲ့ မြိုင်နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းအား စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ပြည်သူမှ ပြည်သူသို့ အကူအညီများ ရောက်ရှိဖို့ ဆောင်ရွက်နေသည်ဟု NUG အသိပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေကို အကူအညီပေးအပ်နိုင်ရေးကြိုးပမ်းနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။