‎မြန်မာ့အရေးဒေါ်လာ ၁၂၁ သန်းအကူညီရနိုင်မယ့် ဘဏ္ဍာရေးဥပဒေကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလိုက်ပြီဖြစ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
‎အဲဒီဘဏ္ဍာရေးဥပဒေကြမ်းကို အောက်လွှတ်တော်က ဇန်နဝါရီလ ၂၂ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပြီး၊ အခု အထက်လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီဖြစ်လို့ သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတာဖြစ်ပါတယ်။
‎အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာအကူအညီများ ပါဝင်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်က ဇန်နဝါရီ ၃၀ ရက်နေ့က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေကလည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ် ။
‎အခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးအကူအညီပေးပုံစံ ပြောင်းလဲသွားပြီး အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အောက်မှာ မြန်မာ့အရေးကူနိုင်မယ့် BURMA Act of 2022 ပါလုပ်ပိုင်ခွင့်တွေ ရရှိမှာဖြစ်ပါတယ်။
‎မြန်မာ့အရေး အကူအညီပေးမှုတွေ ပါဝင်မယ့် အဆိုပါ ဘဏ္ဍာရေးအစီအစဉ်သစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇ ဘီလီယံ ခွင့်ပြုထားပြီး၊ အဲဒီလိုစုပေါင်းရန်ပုံငွေထဲမှ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့အကူအညီတွေအတွက် အနည်းဆုံး ဒေါ်လာ ၁၂၁ သန်း သုံးစွဲခွင့်ရှိဖို့ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။
‎မြန်မာနိုင်ငံရရှိမယ့် အမေရိကန်ဒေါ်လာ ရန်ပုံငွေ ၁၂၁ သန်းကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းများနဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေ၊ အုပ်ချုပ်ရေးယန္တရားနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – MOHADM
0 Shares:
You May Also Like
Read More

ဖိလစ်ပိုင်မှာ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဖိလစ်ပိုင်နိုင်ငံမှာ ဖေဖော်ဝါရီလ (၂၁) ရက်က ကျင်းပတဲ့ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR အခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

လိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီ၊ တရုတ်နဲ့ ထိုင်းတို့ သဘောတူညီခဲ့ကြဟု ဆို

တရုတ်နိုင်ငံ၊ ကူမင်းမှာ ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီအရာရှိတို့အကြား ဆိုင်ဘာလိမ်လည်လုပ်ငန်းတွေ ပပျောက်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က ထုတ်ပြန်ပါတယ်။ 
Read More

အမျိုးသမီး ၁၀.၄ သန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

မြန်မာနိုင်ငံမှာ  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေသူ သန်း (၂၀) ခန့်ရှိပြီး အဆိုပါ လူဦးရေထဲက  ၁၀.၄ သန်းဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ခံစားနေရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မှာ မြန်မာကိုယ်ဝန်အမျိုးသမီးတစ်ဦး အရေးပေါ်ကလေးမွေးဖွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်စပ်ဂိတ်အနီးမှာ မြန်မာကိုယ်ဝန်အမျိုးသမီးတစ်ဦး အရေးပေါ် ကလေးမွေးဖွားခဲ့တယ်လို့ Maesai Police Station မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မနေ့နံနက်ပိုင်းက မယ်ဆိုင်ဂိတ်အနီး DIY စတိုးဆိုင်အနီးတစ်ဝိုက်မှာ အကူအညီ တောင်းခံမှုတွေရှိလာတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ မြန်မာအမျိုးသမီး တစ်ဦး ကလေး မွေးဖွားဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် အရေးပေါ်ယာဉ်ခေါ်ယူပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးသင့်နေချိန် လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လိုစိတ်နဲ့  လုပ်ရက်ရတာလဲ ဟု စစ်အုပ်စုအပေါ် ဝေဖန်လိုက်တဲ့ ထိုင်းလွှတ်တော်အမတ်၊ BIMSTEC အစည်းအဝေးတက်ဖို့ မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းအစိုးရ ဖိတ်ကြားထားမှုအပေါ်လည်း ၄င်းက ဆက်လက်ဝေဖန်ခဲ့သည်

ငလျင်ဘေးသင့် ပြည်သူတွေကို နိုင်ငံတကာက အကူအညီပေးနေချိန် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့  ထိုင်း Fair ပါတီ လွှတ်တော်အမတ် Kannavee Suebsang က မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။