ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှာ နိုင်ငံရေးမှုတွေနဲ့ အကျဥ်းကျခံနေရတဲ့ အကျဉ်းသား ၂ ယောက်ကို ဆေးကုသခွင့်မပေးပဲ သေဆုံးစေခဲ့မှုအတွက် စစ်တပ်လက်ပါးစေ ထောင်အာဏာပိုင်တွေအနေနဲ့ အပြည့်အဝ တာဝန်ယူရမယ်လို့ JNPP (Justice Network For Political Prisoners) က အသိပေးပြောကြားထားပါတယ်။

ဇန်နဝါရီလ ၃၀ ရက်မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီထုတ်ပြန်ချက်အရ စစ်တွေအကျဥ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ဦးသိန်းထွန်းစိန်နဲ့ နိုင်ငံရေးအကျဥ်းသူ မစောတင်မေ တို့ဟာ ရောဂါဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရချိန် ဆေးကုသခွင့် အချိန်မှီမရရှိမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀၅ တို့နဲ့ ထောင်ဒဏ် အနှစ် ( ၄၀ ) ချမှတ်ခံထားရတဲ့ နိုင်ငံရေးကျဉ်းသား ကိုသိန်းထွန်းစိန် (အသက် ၄၂ နှစ်) ဆိုသူဟာ ဗိုက်အောင့် ဝေဒနာကို ကာလရှည်ခံစားနေရချိန် ဆေးကုသခွင့် မရရှိမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ကိုသိန်းထွန်းစိန်ဟာ မသေဆုံးခင်ရက်ပိုင်းအလိုကတည်းက သူ့ရဲ့ဗိုက်နေရာတစ်ဝိုက်မှာ အထိမခံနိုင်လောက်အောင် နာကျင်တာ၊ အော့အန်တာနဲ့ ဝမ်းဗိုက်သိသိသာသာ ဖောင်းတက်တဲ့လက္ခဏာတွေ ခံစားခဲ့ရပြီး အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုကြောင့်ဝေဒနာအတော်လေး ဆိုးရွားချိန်ရောက်မှ အရေးပေါ်ကိုရောက်ရှိခဲ့ပြီး မကြာခင်အသက်သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မစောတင်မေ (အသက် ၃၂နှစ်) ဆိုသူဟာလည်း စစ်ကြောရေးကနေရရှိခဲ့တဲ့ ဒဏ်ရာတွေကို ထောင်အတွင်း ဆေးကုသခွင့် မရရှိမှုကြောင့် အဆိုပါဝေဒနာတွေနဲ့ပဲ အဲ့ဒီနှစ်အတွင်းမှာ ထပ်မံသေဆုံးသွားတယ်လို့ JNPP ကပြောပါတယ်။

JNPP ( Justice Network For Political Prisoners) က နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၂ ယောက် အခုလိုသေဆုံးမှုဟာ စစ်တွေအကျဉ်းထောင် တာဝန်ခံနဲ့ အရာရှိ၊ ဝန်ထမ်းတွေရဲ ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်းနဲ့ ဒီကျူးလွန်မှုတွေကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားပြီး နောင်တစ်ချိန်မှာ အပြည့်အဝတာဝန်ယူရမှာ ဖြစ်ကြောင်းနဲ့ ၎င်းတို့၏ ကျူးလွန်မှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာ အခုလို ဆေးဝါးကုသခွင့် အလုံအလောက်မရရှိမှုကြောင့် နိုင်ငံနဲ့တစ်ဝှမ်းအကျဥ်းထောင်တွေက အကျဥ်းသားပေါင်း အယောက် ၃၀ နီးပါးအထိ သေဆုံးခဲ့ကြောင်း အကျဥ်းထောင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

စစ်တွေအကျဥ်းထောင်ရှေ့မြင်ကွင်း(ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရှမ်းနီအမျိုးသားတပ် SNA တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်မဟာ (၆၁၄) က တပ်သားတစ်ယောက် လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့ People’s Defence Force Katha District B - 04 ဆီက သိရပါတယ်။
Read More

ပြည်သူထောက်ခံမှု အားကောင်းတဲ့ နိုင်ငံရေးပါတီတွေကို ယှဉ်ပြိုင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာလွှဲပေးမယ်လို့ မင်းအောင်လှိုင် ပြော

ပြည်သူတွေ ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်မပေးထားတဲ့ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ အဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
Read More

မင်္ဂလာဦးရပ်ကွက် စစ်တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ရာနှင့် စစ်ကူကားတို့ကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်၊ ငွေကျပ် ၉၆ သိန်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း ၁​၁ ဦးကိုလည်း ဖမ်းဆီးခဲ့ဟု ဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မင်္ဂလာဦးရပ်ကွက် စစ်​တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ယာနဲ့ တပ်ကူလာတဲ့ စစ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုတွင် အသံတိတ်သပိတ် ကျင်းပနေချိန် အပြင်ထွက်ပျော်ပါးသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံခဲ့ရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျုံပျော်မှာ အရပ်သား မော်တော်ယာဉ်တွေကို စစ်တပ်အသုံးပြုဖို့ အဆင်သင့်ပြင်ခိုင်းထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက မော်တော်ကား ပိုင်ဆိုင်သူတချို့ကို ခေါ်ယူ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တပ်အသုံးပြုဖို့အတွက် မော်တော်ကားတွေကို အဆင်သင့်ပြုလုပ်ထားဖို့ မှာကြားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။