၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်က ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတစ်ရပ်ကို မကြာသေးမီက ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လည်လွှတ်ပေးခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းများ မရှိသေးဘဲ ထိုသို့ရွေးကောက်ပွဲကျင်းပခဲ့မှုအပေါ် ဂျပန်နိုင်ငံက မနေ့က ပြစ်တင်လိုက်ပါတယ်။

‎ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့အရေး တိုးတက်ကောင်းမွန်လာစေဖို့ တောင်းဆိုမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မနေ့က ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး toshimitsu motegi က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ အကြမ်းဖက်စစ်တပ်ထံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေလွှတ်ပေးဖို့ နဲ့ သက်ဆိုင်သူတွေကြားစစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးစတင်နိုင်ဖို့ နိုင်ငံရေးအရ တိုးတက်မှုရရှိအောင် လုပ်ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ ဝန်ကြီး toshimitsu motegi က ဆိုပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ မကျင်းပမီ ထိုသို့သော ကြိုးပမ်းအားထုတ်မှုများ ဖြစ်ထွန်းလာခဲ့ခြင်း မရှိတာဟာ စိတ်မကောင်းဖွယ်ရာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
‎ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ တိုးတက်မှုတွေရရှိဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်သလို ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို သတိထားစောင့်ကြည့်သွားမှာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုတာတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ပါဝင်ပါတယ်။
‎ဒါ့အပြင် အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စားဝတ်နေထိုင်ရေး ကောင်းမွန်လာဖို့အတွက် ထောက်ပံ့ကူညီမှုတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ 
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အနေနဲ့ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို အားပေးထောက်ခံပြီး စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော်က တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့်  မြန်မာ့အရေးမှာ စစ်ကောင်စီကို အရေးယူမှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးဖို့  ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့က အိတ်ဖွင့်ပေးစာတစ်ရပ်နဲ့  ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ထိုင်းကို လာမည့် နိုင်ငံခြားသားခရီးသွားများအား ဘတ် ၃၀၀ ပြည်ဝင်ကြေး ကောက်ခံတော့မည်ဟုဆို

"ဒီဝင်ကြေးကို ရှုထောင့်နှစ်မျိုးနဲ့ ကြည့်လို့ရတယ်။ ခရီးသွားတွေကတော့ ဒါကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မြင်ကောင်း မြင်နိုင်ပေမယ့်၊ ဒီပိုထည့်ရတဲ့ ဘတ် ၃၀၀ က သူတို့ ဘေးကင်းဖို့၊ ကောင်းဖို့၊ ခရီးသွား အခြေခံအဆောက်အအုံတွေ ပိုကောင်းဖို့၊ ပိုအဆင်ပြေဖို့ဆိုတာကို အစိုးရက သေချာနားလည်အောင် ရှင်းပြပေးမှာပါ" လို့ ၎င်းက ဆိုပါတယ်။
Read More

ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ရဖို့ နီးကပ်လာသည့် မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို တရားဝင်မှု မပေးမိစေဖို့ နိုင်ငံတကာကို NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ဖို့ နီးကပ်လာနေတဲ့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဝင်မှု မပေးမိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။