စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတစ်ဒေသကို အခုတစ်လအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁၄ ဦး သေဆုံးရတယ်လို့ Indaw Revolution က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်၊ ဇန်နဝါရီ ၂၁ ရက်နဲ့ ဇန်နဝါရီ ၂၉ ရက်တွေမှာ အင်းတော်မြို့နယ်တွင်းရှိ မာန်ဟဲရွာ၊ လေဘိုရွာ၊ ပဲခူးရွာနဲ့ ရွာရှည်ရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အသက် ၃ နှစ်မှ ၇၀ အရွယ်ထိ အမျိုးသား၊ အမျိုးသမီး ၁၄ ဦးသေဆုံးရတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း လေကြောင်းပျံသန်းမှုတွေ ခပ်စိတ်စိတ်တွေ့ရလို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းများ တူးထားဖို့ လိုအပ်သလို လေကြောင်းသတင်းနားစွင့်ပြိး သတိထားနေထိုင်ဖိုလိုအပ်ကြောင်း တော်လှန်ရေးအဖွဲ့များက သတိပေးထုတ်ပြန်ထားပါတယ်။

“ လေဘိုရွာကို တံတားဦးကနေတက်တဲ့ ဂျက်ဖိုက်တာတစ်စင်းနဲ့ ဗုံးလုံးကြဲချလို့ အရပ်သား ၈ ယောက် သေဆုံးရတယ်။ သေသွားတဲ့ ၈ ယောက်ထဲမှာ ၇ ယောက်က မိသားစုတစ်စုလုံးဖြစ်တယ် ” ဟု Indaw Revolution က ဆိုပါတယ်။

အဲဒီလိုသေဆုံးသွားတဲ့ မိသားစုတစ်စုလုံးမှာ ဦးအောင်သန်း အသက် ( ၇၀) နှစ် နဲ့ သားသမီးတွေဖြစ်တဲ့ ဒေါ်ခင်စိုးကြည် အသက် ( ၄၈ ) နှစ်၊ ဒေါ်ခင်ပြုံးရီ အသက် ( ၄၅) နှစ်၊ မနွယ်မျိုးခိုင် အသက် ( ၂၆ ) နှစ်၊ ဦးစံသိန်း အသက် ( ၃၈ ) နှစ်နဲ့ ဇနီး ဒေါ်ညိုညိုစိန် အသက် (၃၃) နှစ်နဲ့အတူ သမီးဖြစ်သူ မယုဝတီ အသက် ( ၃) နှစ်အရွယ်မိသားစုဟာ အကြမ်းဖက်စစ်တပ်ဗုံးကြဲမှုကြောင့် တစ်ရက်ထဲ သေဆုံးသွားရတာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်ပျက်စီးတာ၊ တိရစ္ဆာန်သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်‌ခေါင်မှာ စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အဖြစ် All Power To The People (အာဏာအားလုံး လူထုဆီသို့) စာသားပါ ဘန်နာ ချိတ်ဆွဲ ဆန္ဒထုတ်ဖော်…

ရန်ကုန်မြို့လယ်‌ခေါင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးတင်းကြပ်မှု အထပ်ထပ်ကြားက စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်နေ့အနေနဲ့ ' All Power To The People (အာဏာအားလုံး လူထုဆီသို့) ' ဆိုတဲ့ ဘန်နာကို တော်လှန်လူငယ်တွေ ချိတ်ဆွဲခဲ့တယ်လို့ General Strike Committee - GSC က ထုတ်ပြန်ထားပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော်နှင့် ပြည်သူ့သားတပ်တော်တို့ ပူးပေါင်းပြုလုပ်သည့် ‌အပတ်စဉ်(၄) အခြေခံ စစ်သင်တန်းဆင်းပွဲ

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) နဲ့ ပြည်သူ့သားတပ်တော်(P.S.F)တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြုလုပ်ခဲ့တဲ့ ‌အခြေခံစစ်သင်တန်း အပတ်စဉ်(၄) ရဲ့ သင်တန်းဆင်းပွဲကို မတ်လ ၁၀ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ဝဲ+မြင်းနီရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၈၂ နှစ်အရွယ် အဘိုးအို ၁ ဦး သေဆုံး… သပိတ်ကျင်း၊ ကြက်ရိုးပင်ရွာမှာလည်း လေကြောင်း​တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ…

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ က အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျဆုံးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၁) မှ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅ထောင်နီးပါးရှိဟု UEC ထုတ်ပြန်၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ထောင်ကျော်ဖြင့် အများဆုံးဖြစ်

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တင်သွင်းမှုအနေနဲ့ ငါးထောင်နီးပါးရှိတယ်လို့ မင်းအောင်လှိုင် လက်ပါးစေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာကို ဂျက်ဖိုင်တာလေယာဉ်နဲ့ စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီမနက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။