စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပျောက်ကျားတိုက်ခိုက်ခဲ့ရာ အင်မထီးပျူခေါင်းဆောင် အပါအဝင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိသွားတယ်လို့ Unity Column အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဇန်ဝါရီ ၂၈ ရက် ညပိုင်းက ပုလဲမြို့နယ် အတွင်း Unity Columnက စစ်ကြောင်းမှူးယောလေး၊ ဒုစစ်ကြောင်းမှူး ရှမ်းလေးတို့ ဦးစီးပြီး ကင်းပုန်းဝပ်စောင့်နေစဉ် မင်းတိုင်ပင်ကျေးရွာအနီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၃ ဦးကို ပျောက်ကျား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ၃ ဦးထဲက အင်မထီးပျူခေါင်းဆောင် အပါအဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
သူတို့ဆီက သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Video – Unity Column