စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီကထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ဆားလင်းကြီး − ညောင်ပင်ကြီးလမ်းပိုင်း ရွှေလေးရွာတောင်ဘက် ရေကျော်တံတား ဒေသအခေါ်  ခြောက်သံကွေ့နားမှာ ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်ခံနေတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ပြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့က ဝမ်ပေါင်ကနေ ခြံစည်းရိုးကာဖို့အတွက်  အဓိကထွက်လာတာ။ အဲဒီနားမှာ ဘက်ဟိုးလည်း ရှိတယ်။ ကားတစ်စီးလည်းရှိတယ်။   ကျွန်တော်တို့ ပစ်ခတ်တာကတော့ လမ်းပေါ်ခရီးသွားကုန်ကားတွေကို ပိုက်ဆံထွက်တောင်းပြီး ပြန်ဝင်တဲ့အချိန်ပစ်တာ။ အင်အားကတော့ ၂၀ လောက်တော့ ရှိတယ်” လို့  ချင်းတွင်း ဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Salingyi)ရဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်ဘက်က ဒရုန်းဗုံးသီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် ဝမ်ပေါင်ထဲ ပြန်ဝင်လာချိန်မှာ အနီးနားက ခရီးသွားတစ်ယောက်ကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ ဆိုပါတယ်။

“အဖမ်းခံရတဲ့သူက ပေလမ်းကနေလာပြီးမှ သူတို့နဲ့ ထိပ်တိုက်တွေ့သွားတာ။ သူတို့မသင်္ကာလို့စစ်ရင်း ဝမ်ပေါင်ထဲကို ခေါ်သွားတာ” လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်း ဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Salingyi) ၊ SOLO အောင်ကြီး (Salingyi) ၊ ချင်းတွင်းကာကွယ်ရေး (CDF) ၊ ဆားလင်းကြီးမြို့နယ် (ပလဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

Video – UIay Gyi

0 Shares:
You May Also Like
Read More

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လမ်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက် နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက လမ်း ပိုင်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို ကားလမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီး ၅၇ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်ရေးလေ့ကျင့်ရေးသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်ရေးလေ့ကျင့်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ဒီနေ့ မတ်လ ၁၁ ရက်မှာ Kayan National Army က ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမ ရွှေစက်တောဘုရားအဝင် ၃ မိုင်ဂိတ်အနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးမြို့နယ် ပုသိမ်-မုံရွာလမ်းမ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီးမှာ နိုဝင် ဘာ ၂၇ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Special Ranger Force အဖွဲ့ထံက သိရပါတယ်။