မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း ‌ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ ယနေ့ သတင်းထုတ်ပြန် ထားပါတယ်။

မြိုင်မြို့နယ် တွင်းမပျူစောထီးရွာက ထွက်လာတဲ့  တပ်မ ၁၀၁ ရဲ့အင်အား ၂၀၀ လောက်ပါ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဟာ ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းနဲ့ သံဘိုကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ ဒီနေ့ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှ မြိုင်နယ် မြဇီတောကျေးရွာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းကလည်း ပခုက္ကူတပ်မ ၁၀၁ ကလာတဲ့ စက်တပ်လေထီး ယာဉ် ၂ စီးဟာ မြိုင်နယ်တောင်ပိုင်ကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Video – အညာမြေတပ်ပေါင်းစု

0 Shares:
You May Also Like
Read More

သာယာဝတီမြို့နယ်အတွင်း ခမရ ၃၅ တပ်ရင်းမှာ အထိုင်ချထားသည့် မဒေ့ါဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း အထိုင်ချထားတဲ့ ခမရ ၃၅ တပ်ရင်းရဲ့ မဒေါ့ဂိတ်စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အရက်ဝယ်ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၃ ဦး တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း အရက်ဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Special Task Force ngazun က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ Fixed Wings ဒရုန်း ၆ စီး အသုံးပြုပြီး ၆၀ မမ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူ ကျီစုရွာတွင် စစ်ရှောင်များရှိတဲ့ စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပျံလွှားစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

Hercules 3 နဲ့ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန်

''Cobra Federal Wings တွေရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုတွေကို FW ရဲ့ နောက်ဆုံးပေါ် Hercules 3 နဲ့ပေါင်းစပ်လိုက်တဲ့အခါ စကစစခန်းကုန်းတွေရဲ့ အိမ်မက်ဆိုးတွေ ပိုမိုကြီးထွားလာပါတယ်''လို့ Federal Wings က ဆိုပါတယ်။