အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးအုပ်ချုပ်တဲ့ နယ်မြေထဲက ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေမီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောခဲ့တဲ့ စကားပါ။

နိုင်ငံတော်၊ တော်လှန်ရေး၊ လူငယ်နဲ့ ပြည်သူတွေကို လမ်းမှားရောက်စေတဲ့ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ဘယ်တော့မှာ လမ်းမှားမရောက်စေရဘူးလို့လည်း ကတိပြုခဲ့ပါတယ်။ 

ဒီမူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို ဇန်နဝါရီ ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး  အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နဲ အတူဒေသခံပြည်သူတွေ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပအဖ၊ ပကဖ၊ ပလဖ ရဲဘော်တွေတက်ရောက် ခဲ့ကြပါတယ်။

Video – National Unity Government of Myanmar

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်း အတင်းအဓမ္မတပ်သားစုဆောင်း၊ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တာဝေးပစ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ် ၂၅၁၊ ၂၅၂ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ တာဝေးပစ်ရော့ကတ် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ဒေါက်တာစိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး ဘယ်လောက်အရေးကြီးလဲ (ရုပ်/သံ)

သွားနဲ့ ခံတွင်းဆရာဝန်ဒေါက်တာ စိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး အရေးကြီးတဲ့ အကြောင်းကို ယခုလိုပဲ ပြော ကြားခဲ့ပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်ပြေး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီခန့်မှာ နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေ အင်အား ၉၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပျောက်ကြားတိုက်ခိုက်မှု ၄ ယောက်သေပြီး ၃ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

ကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၉ ရက်က တော်လှန်ရေးရဲဘော်တွေ ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေ ပြီး ၃ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံက သိရပါတယ်။
Read More

ဇွန်လနှင့် သြဂုတ်လအတွင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဇွန်လနဲ့ သဩဂုတ်လတွေမှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက်ရဲ့ ဒို့ပြန်လာပြီ ဧရာဝတီ (ရုပ်/သံ)

"သူတို့က သူတို့ရဲ့အသက် သူတို့ဘဝ သူတို့အနာဂတ်ကို နိုင်ငံတော်အသစ်ဖြစ်ထွန်းရေးအတွက် ပေးဆပ်ထားတယ်။ ကျနော်တို့တွေက သူတို့ရဲ့ အိမ်ပြန်လမ်းတွေကို ချောချောမွေ့မွေ့ အိမ်ပြန်ရောက်နိုင်ဖို့အတွက် ကူညီကြမယ်"