မကွေးတိုင်း မင်းဘူးမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ မုန်တောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဒီနေ့ ဇန်နဝါရီ ၃၀ ရက်မှာ မင်းဘူးခရိုင် အမှတ်-၆တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် မနက်အစောပိုင်းက မင်းဘူးမြို့နယ် အနောက်ပိုင်းရှိ မုန်တောင်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီရဲစခန်းဟာ ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ငွေညှစ်တာ၊ ဖမ်းဆီးတာနဲ့ လူငယ်တွေကို ပေါ်တာဆွဲတာတွေ လုပ်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် လက်အောက်ခံရဲတွေထွက်ပြေးသွားတဲ့အတွက် ၁၅ မိနစ်အတွင်း သိမ်းယူနိုင်ခဲ့ပြီး စခန်းအတွင်းက ရဲအသုံးအဆောင်ပစ္စည်းတွေ အပြင် ပြည်သူလူထုဆီက လုယက်ထား တဲ့ ပစ္စည်းအချို့ကိုပါ သိမ်းဆည်းရရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း