တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးအလုံး ၅ သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ဇန်နဝါရီ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၀ ရက်က ပုလောမြို့နယ် ပေါင်းကျေးရွာတစ်ဝိုက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သွားလာ လှုပ်ရှားမှုကို ထောက်လှမ်းဖို့နဲ့ လုံခြုံရေးစစ်ဆေးဖို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့ ရဲဘော်တွေသွားလာနေချိန်  မသင်္ကာတဲ့ လူငယ် ၂ ယောက်ကို  စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး အများအပြားကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးများကို အများရှေ့မှောက်မှာ မှတ်တမ်းတင်စာရင်းသွင်းပြီးနောက် စိတ်ကြွဆေး ၅၃၀၀၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကော်မရှင်ကို တော်လှန်‌နေတဲ့အချိန် အတွင်း ပြည်သူများရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ် ဖောက်ကားမှုတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Video – KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနဲ့ ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို ‌တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက်အခမ်းအနားကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို အမှတ် - ၁ စစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့မှာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကူစစ်ကြောင်းကို ပါ ထပ်မံမိုင်းဆွဲမှုကြောင့် ရဲအရာရှိ ၁ ယောက်အပါအဝင် ၉ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ခန့် စီးနင်းလာတဲ့ ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Kalay - Mine Team အဖွဲ့ထံက သိရပါတယ်။
Read More

သူမရဲ့ လွတ်လပ်ခွင့်၊ အားလုံးရဲ့ လွတ်လပ်ခွင့်။ သူမအတွက် တရားမျှတမှု၊ အားလုံးအတွက် တရားမျှတမှု …. (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း (Kim Aris) ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All-in-One Piece ကို မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကို သွေးသစ်လောင်းဖို့အတွက် စတင်ဖော်ဆောင်နေပြီလို့ သိရပါတယ်။ '' All-in-One Piece ကမ်ပိန်းလှုပ်ရှားမှု မေမေရဲ့ အကြောင်းတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဒါဟာ လွတ်လပ်ခွင့်ရုတ်သိမ်းခံထားရတဲ့ နိုင်ငံတစ်ခုအကြောင်းဖြစ်ပါတယ်''လို့ ကိုထိန်လင်းက ဆိုပါတယ်။
Read More

လှိုင်သာယာ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးရေး လုပ်သားများ ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ချန်းရိ Adidas ဖိနပ်စက်ရုံမှာ မေလ ၁၄ ရက်ကစတင်ပြီး လုပ်ခလ စာတိုးမြှင့်ပေးရေး လုပ်သားတွေဆန္ဒပြလျက်ရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။