ပဲခူးတိုင်း ဖြူးမြို့နယ် စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ Falcons Guerilla Force စွန်ရဲက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက မုန်း-အုတ်မြစ်လမ်း စစ်တောင်းမြစ်ပေါ်  နေပူဆာလှုံနေတဲ့ အကြမ်းဖက် စစ်သားတစ်ယောက်နဲ့ အဝတ် ထွက်လှမ်းတဲ့တစ်ယောက် တို့ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“နေ့လယ်ပိုင်းပစ်တာမှာ ထိတာက ၂ရစ်နဲ့ပါ။ ၂ရစ်ကိုမှရဲနေတာပဲ။ ကြားထဲမှာက စစ်တောင်းမြစ်ပဲခြားတော့ ပစ်ပြီးမကြာဘူး။ သူတို့ဘက်ကလည်း ရမ်းသမ်းပြန်ပစ်တယ်” လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်း​ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို KNLA တပ်ရင်း(၈) နဲ့အတူ ARMS Local PDF တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

Video – Falcons Guerilla Force စွန်ရဲ

0 Shares:
You May Also Like
Read More

တနင်္သာရီ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀) ဦး သေဆုံး (ရုပ်/သံ)

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်မှာရှိတဲ့ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေလ ၆ ရက်၊ နံနက်ပိုင်းအစောပိုင်းအချိန်မှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်စီမံကွပ်ကဲ‌ရေးတပ်မှ အရာရှိ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀)ဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တိုက်ခိုက်ခံရပြီးနောက် ကျောင်းဝင်းတစ်ခုလုံး လော့ဒေါင်းချကာ သတင်းပေးလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်ထား (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်‌ရေးကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်က ကျောင်းဝင်းတစ်ခုလုံးကို လော့ဒေါင်းချကာ သတင်းပေးတဲ့လူ ဘယ်သူမဆို ထောင်ချမယ်လို့ ခြိမ်းခြောက်ထားကြောင်း Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အစည်းအဝေးတက်ဖို့လာတဲ့ ပျူစောထီးယာဉ်ကို တိုက်ခိုက်မှု ပျူဒုခေါင်းဆောင်နဲ့ တပ်မ ၁၀၁၁ က ပျူသင်တန်းဆရာအပါအဝင် ၈ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကို အစည်းအဝေးတက်ဖို့လာတဲ့ အင်အား ၁၁ ယောက်ပါ ပျူစောထီးယာဉ်ကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ပခုက္ကူ-မြစ်ခြေလမ်းခွဲ အရှေ့ဘက်တစ်နေရာမှာ တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းကို ရှမ်းတောင်ဗျူဟာ ၂ ပူးပေါင်းစစ်ကြောင်းက ပစ်ချဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
Read More

ဆိုင်ကယ်စီးလာတဲ့ အကြမ်းဖက်စစ်သား ၂ ယောက်တိုက်ခိုက်ခံရပြီး ၂ယောက်စလုံး သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာကနေ တည်သီးတောရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား  ၂ ယောက်ကို အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ယောက်စလုံး သေဆုံးခဲ့တယ်လို့  ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။
Read More

မှောင်ခိုရောင်းဝယ်သူတွေ ဖမ်းဆီးထားတဲ့ ရှားပါးမျိုးစိတ် Red Panda လေးတွေကို မူရင်းဒေသသို့ ပြန်ပို့ဆောင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ မှောင်ိခုရောင်းဝယ်သူတွေ သယ်ဆောင်လာတဲ့ ရှားပါးမျိုးစိတ် Red Panda လေးတွေကို ဖမ်းမိခဲ့တဲ့အတွက် မူရင်းဒေသသို့ ပြန်လည်ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ NUG သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အသိပေးထားပါတယ်။