စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကင်းပတ်နေတဲ့ စစ်အုပ်စုဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီး  ၂ ယောက် သေဆုံးပြီး သေနတ် ၁ လက် ရရှိခဲ့တယ်လို့ Unity Column တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၈ ရက်၊ မနေ့ညပိုင်းက ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာနားမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ကင်းလှည့်လာတဲ့ စစ်သားနဲ့ပျူစောထီးတွေထဲက အင်မထီးရွာ ပျူစောထီးခေါင်းဆောင်ရဲ့ သားဖြစ်သူ အပါ  ၂ ယောက် သေဆုံးသွားပြီး ၁ ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်၊ သေနတ်တစ်လက်လည်း ရခဲ့တယ်လို့ Unity Column တာဝန်ရှိသူက ဆက်ပြောပါတယ်။

သိမ်းဆည်းရမိသည့်လက်နက်နှင့်အတူတွေ့ရသည့် Unity Column တပ်ဖွဲ့ဝင်များ

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် Unity Column က စစ်ကြောင်းမှူးယောလေးနဲ့ ဒုစစ်ကြောင်းမှူး ရှမ်းလေး ဦးစီးပြီး လုပ်ဆောင်ခဲ့တာလို့လည်းပြောပါတယ်။

“အတွင်းဖရဲသီး သတင်းရလို့ သွားစောင့်ပြီး ပစ်ခတ်ခဲ့တာပါ” လို့ Unity Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်စစ်ကြောင်း ဖြစ်တဲ့ Unity Column ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့က စတင်ဖွဲ့စည်းတာဖြစ်ပါတယ်။ ပုလဲမြို့နယ်ထဲ အခြေစိုက်လှုပ်ရှားတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၆၊ ၁၀၊ ၁၂၊ ၃၈) တပ်ရင်းတွေ ဒီစစ်ကြောင်းမှာ ပါဝင်ပြီး ပထမဆုံးမစ်ရှင်ကို ၁လ မပြည့်ခင်မှာပဲ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Unity Column အနေနဲ့ အာဏာရှင်စစ်တပ်ကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်းနဲ့ စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရန်သူ့စစ်တပ်ကို ချေမှုန်းတိုက်ခိုက်ဖို့ရာအတွက် အဓိကဖွဲ့စည်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း အဆိုပါတာဝန်ရှိသူက ဆက်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီက အရပ်သားတွေကို လူမဆန်စွာ လိုက်သတ်နေပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ရှုံးကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ပွင့်ဖြူမှာ စစ်တပ်က ရွာစဥ်လှည့်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေ၊ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါသလို ပြန်ရွေးသူတွေအဖို့ ငွေသိန်းရာချီ စျေးပေါက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ လူအယောက် ၅၀နီးပါး စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ဝင်မလာအောင် ပြည်သူတွေ စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

သန်လျင်တံတားအဆင်း ဆက်ကြေးကောက် ငွေညှစ်နေသည့် စစ်အုပ်စုများ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားအဆင်း ဆက်ကြေးကောက်ငွေညစ်နေတဲ့ စစ်အုပ်စုတွေရှိရာကို မေလ ၂၁ရက် ဒီနေ့မနက်ပိုင်းမှာ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။ သန်လျင်တံတားအဆင်း၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာရှိတဲ့ မောတော်ပီကယ်တွေနဲ့ လုံခြုံရေးယူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ "သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ စစ်ခွေးလော်ဘီတွေဘက်က အသံမိုင်းဖောက်ခွဲတာ ထိခိုက်မှုမရှိဘူးဆိုပြီး သတင်းတုထုတ်နေတာရော ဖောက်ခွဲပြီးချိန်ကနေ အခုချိန်ထိ အဲ့နေရာမှာ ပိုက်စိပ်တိုက် စစ်ဆေးနေပုံထောက်ရင် သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ မြေပြင် အခြေအနေကိုတော့ ကျနော်တို့ စုံစမ်းဆဲပါပဲ။" လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။ လက်ရှိမှာတော့ ဖောက်ခွဲရေး လုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအားလုံး လုံခြုံ​ဘေးကင်းရာကို ရောက်ရှိနေပြီလို့ Operation Flame (OF) က ထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့ လက်တွဲရင်း အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။