အကြမ်းဖက်စစ်တပ်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ်ကတဆင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနဲ့ ကော့ကရိတ်မြို့ကို စစ်ကူအင်အားတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းက မြဝတီမြို့၊ မင်းလက်ပံဒေသမှာ စစ်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်အခုလို စစ်ကူတွေ ပို့ဆောင်လိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

“တိုက်ပွဲတွေကတော့ ကြိုကျားကြိုကျား ဖြစ်နေတာပဲ။ ဒီမနက်ကတော့ ပြင်းထန်တယ်ပြောရမယ်။ လေယာဉ်တွေနဲ့ပါ ဗုံးလာကြဲသွားတယ်” လို့ မြဝတီမြို့ခံတဦးက မောင်းကို ပြောပါတယ်။

သထုံကနေ ကော့ကရိတ်ထံသို့ ထွက်ခွာလာသည့် စစ်တပ်စစ်ကြောင်းကို တွေ့ရစဉ် (ဓာတ်ပုံ ပေးပို့)
သထုံကနေ ကော့ကရိတ်ထံသို့ ထွက်ခွာလာသည့် စစ်တပ်စစ်ကြောင်းကို တွေ့ရစဉ် (ဓာတ်ပုံ ပေးပို့)

စစ်တပ်က ပို့ဆောင်လိုက်တဲ့ စစ်ကူယာဉ်တွေဟာ စုစုပေါင်း မော်တော်ယာဉ် ၃၅ စီးရှိပြီးအဲ့ ဒီထဲမှာ အမြောက်တပ်ဆင်ထားတဲ့ တင့်ကား ၅ စီးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မနက်က Jet Fighter ၁ စီးနဲ့ ၄ခေါက်လာကြဲတယ်။ ကာမီကာဇေနဲ့ကလည်း ၃ ခေါက်လာကြဲသွားတယ်။ လူထိခိုက်မှုကတော့ မသိသေးပါဘူး။ မြဝတီမြို့ကတော့ စစ်ရေးတင်းမာနေပါတယ်။ စစ်တပ်စစ်ကူတွေလည်း တက်လာနေတယ်” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကလည်း မောင်းကို ပြောပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့နောက်ဆုံးထားပြီး BGF အသွင်ပြောင်း KNA တပ်ဖွဲ့တွေကို မြဝတီမြို့က  ထွက်ခွာဖို့ပြောထားတယ်လို့ သိရပါတယ်။ မထွက်ခွာရင် မြဝတီမြို့က ပွိုင့် (၁၈) ကို ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ လျှို့ဝှက်စာပေါက်ကြားခဲ့ပြီးနောက်မှာ အခုလို ဗုံးကြဲတိုက်ခိုက်တာတွေ၊ စစ်အင်အား ဖြည့်တင်းတာတွေကို  စစ်တပ်ကလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

သထုံကနေ ကော့ကရိတ်ထံသို့ ထွက်ခွာလာသည့် စစ်တပ်စစ်ကြောင်းကို တွေ့ရစဉ် (ဓာတ်ပုံ ပေးပို့)

 

0 Shares:
You May Also Like
Read More

တပ်သားသစ်လိုအပ်ချက် များပြားနေတဲ့ စစ်တပ်က စစ်ကိုင်းနဲ့ မန္တလေးမှာ လူငယ်လူရွယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေး၊  ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

၅ ရက်အတွင်း ရွှေကုက္ကိုလ်ကျားဖြန့်မှ နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ကျားဖြန့် ကြံရာပါအဖြစ် ဝေဖန်ခံနေရသည့် စစ်တပ် ကြေညာ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းရှင်းလင်းခဲ့ရာမှာ ၅ ရက်အတွင်း နိုင်ငံခြားသား ၁၇၄၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အာဖရိကတိုက်ရှိ မထင်မရှားနိုင်ငံငယ်က လူတွေလည်း ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ပြင်းပြင်းထန်ထန် သတိပေးခံထားရတဲ့ကြားက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေ သန်းခေါင်စာရင်း လိုက်ကောက်နေ

မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့နယ်တော်တော်များများမှာ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သတိပေးချက် ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သန်းခေါင်စာရင်း ပေါ်ပေါ်ထင်ထင် ကောက်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး၊ အများအပြား ထိမှန်ဒဏ်ရာ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက Y12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မိတ္ထီလာမြို့ စစ်ကောင်စီ ရှမ်းတဲလေတပ်စခန်းနဲ့ စခန်းတချို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းအပြင်ဘက် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တပ်မ ၉၉ နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစတပ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။