ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားရာက အသက်ဆုံးရှုံးခဲ့တဲ့ အလယ်တန်းကျောင်းသား မောင်မိုးသူရိန်ကို ဇန်နဝါရီလ ၂၉ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က ကျူချောင်သုဿန်မှာ သင်္ဂြိုဟ် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဖြစ်စဥ် ပျံ့နှံ့သွားမှုအပေါ် သက်ဆိုင်ရာအာဏာပိုင်တွေက မျက်မြင်သက်သေတွေနဲ့ ကျောင်းသားတွေအပေါ် ဖိအားပေးတာမျိုးတွေလည်း ရှိနေတယ်လို့လည်း Shwe Pyi Thar Information တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းတွင်းရန်ပွဲဖြစ်ပွားခဲ့ပြီး G-7 ကျောင်းသား မောင်းမိုးသူရိန်ဆိုသူ အသက်ရှုကြပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေရာမှာ မောင်မိုးသူရိန်ဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး သူ့သေဆုံးမှုအပေါ် ရန်ဖြစ်လို့မဟုတ်ပဲ ဘောလုံးကန်ရာက  အမောဖောက် အသက်ရှုရပ်ကာ သေဆုံးတယ်ဆိုပြီး သတင်းဖုံးတာမျိုးတွေလည်း ရှိခဲ့တယ်လို့  Shwe Pyi Thar Information တာဝန်ရှိသူက ပြောပါတယ်။

မောင်မိုးသူရိန်ရဲ့ နာရေးကို ကျောင်းက ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူအများအပြား လိုက်ပါပို့ဆောင်ကြတယ်လို့ သိရပါတယ်။

“ဝမ်းနည်းစရာပဲပေါ့၊ သူတို့မိသားစုမှာက ဒီကလေးတစ်ယောက်တည်း ရှိတာဆိုတော့လေ၊ မိဘတွေဆိုအတော် စိတ်ထိခိုက်နေကြတယ်” လို့ နာရေးကို လိုက်ပါပို့ဆောင်ခဲ့သူတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာ ကျူးလွန်ခဲ့တဲ့ ကျောင်းသားကိုလည်း စစ်တပ်အာဏာပိုင်တွေက ခေါ်ယူထိန်းသိမ်းထားပြီး အမှုဆောင်ရွက်နေကြောင်းနဲ့ ကျောင်းတာဝန်ရှိသူတွေကိုပါ ရွှေပြည်သာရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မောင်မိုးသူရိန်၏ နာရေးအခမ်းအနားအား တွေ့ရစဥ် (SPT Information)

ဒါ့အပြင် ဒီသတင်းကို ပျံ့နှံ့စေခဲ့တဲ့ ကျောင်းသားတွေကို သတိပေးမှုအချို့နဲ့ ဖိအားပေးတာတွေရှိနေပြီး မမှန်မကန် ကိစ္စတွေရှိလာပါက ဆက်လက်ဖော်ထုတ်သွားမယ်လို့လည်း Shwe Pyi Thar Information တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်တွင်း အဘက်ဘက်က ချွတ်ခြုံကျလာမှုနဲ့အတူ အခြေခံကျောင်းတွေမှာ ဆရာ ဆရာမတွေရဲ့ သွန်သင်ဆုံးမ ထိန်းကျောင်းမှုဟာလည်း အမတန် အားနည်းလာတာကို တွေ့ရပါတယ်။ ထို့အတူ ကျောင်းတွင်း အကြမ်းဖက်အနိုင်ကျင့်မှုတွေနဲ့ ရန်ပွဲဖြစ်စဥ်တွေဟာ ကျောင်းသားကျောင်းသူတွေကြား ပိုမိုဖြစ်ပွားလာပြီး လူမှုကွန်ရက်တွေထိပါ  ပျံ့နှံ့လာတာကို တွေ့ရပါတယ်။

“ဒီကျောင်းတွင်းကိစ္စတွေက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်နေတာဗျ၊ မူးယစ်ဆေးသုံးတယ်၊ အုပ်စုဖွဲ့ ရန်ဖြစ် ထိုးကြိတ်ကြတယ်ပေါ့။ အခုကတော့ လူသေတဲ့အထိဖြစ်သွားတော့ လူသိများသွားပြီး သတိထားစရာဖြစ်လာတာပေါ့။ အခုက ပိုဆိုးရွား‌လာနေပါပြီ၊ ပညာရေးစနစ်ရော လူမှုရေးစနစ်ပါ အစစအရာရာက နိမ့်ကျလာတာနဲ့  မပြေလည်တာတွေပေါင်းပြီး စုပြုံဖြစ်လာနေတော့တာ” လို့ ရွှေပြည်သာမြို့နေ ပြည်သူတစ်ယောက်က မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့မှ ပြည်သူအချို့ စိုးရိမ်စိတ်ကြောင့် စွန့်ခွာတိမ်းရှောင်မှုများရှိနေ

သိပ်မကြာခင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ပြန်ဝင်လာဖို့ရှိနေတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့ပေါ်ကနေ ပြည်သူတချို့ စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မြောက်ဥက္ကလာ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်…

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ပြည်သူတွေနေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ယောက် သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မျှော်စင်ပေါ် ကင်းစောင့်နေသည့် ပျူစောထီး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာက ပျူစောထီးတစ်ယောက် မျှော်စင်မှာ ကင်းစောင့်နေချိန် စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ဗစ်တာ‌ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။