စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီကထွက်လာပြီး ခရီးသွားတွေဆီကနေ ဆက်ကြေးကောက်ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ၄၀ မမ နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်း ဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Salingyi) က မောင်းကို ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ ဆားလင်းကြီး − ညောင်ပင်ကြီးလမ်းပိုင်း ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာပြီး ရွှေလေးရွာတောင်ဘက် ရေကျော်တံတား ဒေသအခေါ် ခြောက်သံကွေ့နားမှာ ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်ခံနေချိန် ကာကွယ်ရေးပူးပေါင်းတပ်က ၄၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုပစ်ခတ်မှုအပြီး အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်တပ် ထိခိုက်သေဆုံးမှုကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“သူတို့က ဝမ်ပေါင်ကနေ ခြံစည်းရိုးကာဖို့အတွက် အဓိကထွက်လာတာ။ အဲဒီနားမှာ ဘက်ဟိုးလည်း ရှိတယ်။ ကားတစ်စီးလည်းရှိတယ်။ ကျွန်တော်တို့ ပစ်ခတ်တာကတော့ လမ်းပေါ်ခရီးသွားကုန်ကားတွေကို ပိုက်ဆံထွက်တောင်းပြီး ပြန်ဝင်တဲ့အချိန်ပစ်တာ။ အင်အားကတော့ ၂၀ လောက်တော့ ရှိတယ်” လို့ ချင်းတွင်း ဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Salingyi)ရဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်ဘက်က ဒရုန်းဗုံးသီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် ဝမ်ပေါင်ထဲ ပြန်ဝင်လာချိန်မှာ အနီးနားက ခရီးသွားတစ်ယောက်ကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ ဆိုပါတယ်။

“အဖမ်းခံရတဲ့သူက ပေလမ်းကနေလာပြီးမှ သူတို့နဲ့ ထိပ်တိုက်တွေ့သွားတာ။ သူတို့မသင်္ကာလို့စစ်ရင်း ဝမ်ပေါင်ထဲကို ခေါ်သွားတာ” လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်း ဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Salingyi) ၊ SOLO အောင်ကြီး (Salingyi) ၊ ချင်းတွင်းကာကွယ်ရေး (CDF) ၊ ဆားလင်းကြီးမြို့နယ် (ပလဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၂၄၀ ကျော်နဲ့ ဆေးရုံဆေးခန်း ၃၅၀ ကျော်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့

နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၂၄၀ကျော်နဲ့ ဆေးရုံဆေးခန်းပေါင်း ၃၅၀ကျော်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

ပြန်လည်အခြေကျနေတဲ့ ဝက်ပုတ်ရွာကို စစ်အုပ်စု အငြိုးနဲ့မီးဝင်ရှို့လို့ နေအိမ် ၁၅ လုံး မီးလောင်ပြီး ဒေသခံထောင်နဲ့ချီ ရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာတော်လှန်ရေး အင်အားစုတွေထိန်းချုပ်ထားတဲ့ ဝက်ပုတ်ရွာကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၅လုံးမီးလောင်ပျက်စီးပြီး ဆိုင်ကယ်တွေပါ ဖျက်ဆီးခံလိုက်ရတယ်လို့ ​အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တစ်ခုတွင် အမျိုးသမီး ၁ဦးကို အပိုင်းပိုင်း ခုတ်သတ်ကာ အခန်းအပြင်ဘက် စွန့်ပစ်ခဲ့၊ စစ်အုပ်စုလက်အောက်တွင် ပြည်သူများ လုံခြုံမှုမရှိတော့ကြောင်း ဝေဖန်မှု မြင့်တက်နေ

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land Hotel မှာ အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ဆုတ်သွားသည်အထိ တိုက်ခိုက်ရင်း မင်းကွန်းနယ်အတွင်းက ကျေးရွာ ၂ ရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တပ်ဆုတ်သွားတဲ့အထိ ခုခံတိုက်ခိုက်ရင်း လက်လွှတ်ထားခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရတနာပုံတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။