တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄၊ ဆားဖိုဆိပ်ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ရုတ်တရက် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၇၈ လုံး မီးလောင် ပျက်စီးသွားတယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုလော ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အဲ့ဒီဆားဖိုးရပ်ကွက်ထဲကို တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ပြည်သူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“သူတို့ ဝင်လာတာ အယောက် ၃၀ လောက်ရှိပါတယ်။ နဂိုကတည်းက စကမ တပ်သားတွေက သူတို့ရပ်ကွက်နဲ့ မနီးမဝေးအထိ ကင်းထိုးထားကြတယ်။ ဘာကြောင့် မီးရှို့တယ်ဆိုတာတော့ မသိရပါဘူး” လို့ ပုလော ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။

စစ်တပ်ရဲ့ မီးရှို့မှုကြောင့်  လူနေအိမ် စုစုပေါင်း ၇၈ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး  မီးလောင်ကျွမ်းနေစဉ်အတွင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပလမြို့ အမှတ် (၄) ရပ်ကွက် ပကဖ အဖွဲ့ဝင်တွေကနေ မီးမကူးစက်မှု မပြန့်ပွားစေဖို့အတွက် မီးလမ်းတွေကို ဖြတ်တောက်၊ ငြှိမ်းသတ်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“မီးလောင်သွားတာက ပလမြို့ အမှတ် (၄) ရက်ကွက်ပါ။ ရေလုပ်ငန်းလုပ်ကိုင်တဲ့ ရပ်ကွက်လေးပါ။ တရပ်ကွက်လုံးနီးပါးကို မီးလောင်ကျွမ်းခဲ့တာပါ။ ပြည်သူတွေက ရုတ်တရက်ဆိုတော့ ပစ္စည်းတွေ သယ်ယူချိန်မရဘဲ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတော့ အခက်အခဲတော့ ဖြစ်နေပါတယ် ဘေးတော့ကင်းကြပါတယ်” လို့ သူကဆက်ပြောပါတယ်။

ယခုဖြစ်စဉ်ကြောင့် ဒေသခံပြည်သူ အများအပြား နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး ထမင်း၊ ဟင်းချက်ဖို့ အိုးခွက်၊ ပန်းကန်တွေကအစ အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဓားစာခံများအား ဖမ်းဆီးလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးကာ ပြည်သူ ၇ဦး ထွက်ပြေးလွတ်မြောက်

“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်နဲ့ ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့အချို့ စတင်ပြောင်းရွှေ့

ရန်ကုန် နဲ့ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသကတပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးဟု ဆို

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ခရိုင်မီးသတ်ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မစ်ရှင်လုပ်ဖို့ သွားသည့် PDF များနှင့် စစ်အုပ်စု လှည့်ကင်းကားများ ထိတွေ့ပစ်ခတ်မှုဖြစ်၊ ကားပေါ်ပါလာသည့် အကြမ်းဖက်စစ်သား ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မစ်ရှင်လုပ်ဆောင်ဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ကင်းပတ်ကားတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်းထံက သိရပါတယ်။
Read More

CDF – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်…

ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း Chin Defence Force - Kanpetlet က ပထမဆုံးအကြိမ် စစ်သင်တန်းအဖြစ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။