မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူနယ်အစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေ ဝင်ရောက်နေတဲ့အတွက် လူဦးရေထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စစ်ရှောင်တဲတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အထိမ်းမှတ်ကျောက်တိုင်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကစလို့ ပခုက္ကူမြို့နယ်၊ ကံမမြို့ဘက်ကနေ ထွက်လာတဲ့ အင်အား (၂၀၀)ပါ အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်နဲ့ ပခုက္ကူနယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ဆိုပါတယ်။

စစ်ကြောင်းဟာ ဇန်နဝါရီလ၂၆ရက်နေ့မှာ မြိုင်မြို့နယ်တောင်ပိုင်းက တွင်းမပျူစောထီးရွာထဲ ဝင်ရောက်တပ်စွဲခဲ့သလို ဇန်နဝါရီလ (၂၇) ရက်နေ့ညပိုင်းမှာတော့ ပခုက္ကူမြို့နယ်၊ သစ်ပလွေကုန်းကျေးရွာဆီ ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် ရွာထဲက ဆိတ်၊ ဝက် တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ခဲ့ပြီး တောတိုက်(ခေါ်) တောအတွင်းက အရပ်သားစစ်ရှောင်နေအိမ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အထိမ်းအမှတ်ကျောက်တိုင်တွေပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်တာဝန်ရှိသူက အခုလိုဆက်ပြောပါတယ်။

” မနက်ပိုင်းမှာ သစ်ပုလွေကုန်းကနေ ဒီကောင်တွေစစ်ကြောင်း ပြန်ထွက်တယ်။ သစ်ပုလွေကုန်း အရှေ့ဘက်မှာက သာစည်ရွာရှိတယ်။ သစ်ပုလွေကုန်းနဲ့သာစည်ကြားမှာကျ ရှေးဘုရားတစ်ဆူရှိတယ်။ အဲ့ဘုရားနားမှာ တွင်းမပျူရွာက စစ်ရှောင်တွေရယ် စစ်ရှောင်လာတဲ့ ဘုန်းကြီးကျောင်းတဲ အသေးလေး တစ်ခုလည်းရှိတယ်။ နောက်ပြီးရဲဘော်တွေရဲ့ အထိမ်းမှတ်ကျောက်တိုင်တွေရှိတယ်။ ဒါကိုအမှိုက်တွေ အဝေးကနေ ခက်ခက်ခဲခဲသယ်ပြီးမီးရှို့သွားတယ်”

လက်ရှိမှာ စစ်ကြောင်းကြောင့် မြိုင်မြို့နယ်အတွင်းက တွင်းမ၊ သာစည်နှမ်းဆီကန်၊ မြေရင့်နဲ့ စိုကန်တိုက်ရွာတွေ တိမ်းရှောင်နေရသလို သံဘို၊ သစ်ပလွေကုန်း စတဲ့ ပခုက္ကူမြို့နယ်ကျေးရွာတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေဟာ ပြီးခဲတဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မြိုင်မြို့နယ် နှောပင်ရွာကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အရပ်သားနေ အိမ်အလုံး(၈၀) နီးပါးနဲ့ ကောက်ပဲသီးနှံတွေ ဆုံးရှုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် ကျောက်တိုင်နှင့်စစ်ရှောင်တဲများအား တွေ့ရစဥ် (ဓာတ်ပုံ အညာမြေ)

0 Shares:
You May Also Like
Read More

ကမ္ဘာကလေးများနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲ အကြိုဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို သပိတ်ကော်မတီက ဆုချီးမြှင့်

စစ်ကိုင်းတိုင်းအတွင်း နိုဝင်ဘာ ၂၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာကလေးများနေ့  အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ တာဝန်ခံ နဲ့ တိုက်နယ် (၃) ပညာရေး တာဝန်ခံတို့ကြီးမှူးကျင်းပတဲ့ စွမ်းရည်ပြိုင်ပွဲ အကြိုပြုလုပ်ရာ ဆုရတဲ့ ကျောင်းသားကျောင်းသူတွေကို မုံရွာ-အမြင့်လမ်း သပိတ် ဦး‌ဆောင်ကော်မတီက သွားရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

တိုက်ပွဲအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပန… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၀) အနေနဲ့ တိုက်ပွဲကအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပနအခမ်းအနားမှာ တပ်ရင်းရဲဘော်တွေက ​အမိန့်ပြန်တမ်း ဖတ်ရှုကာ အလေးပြုပြီး ကျန်ရစ်သူမိသားစုအပါ ပြည်သူတွေနဲ့အတူ မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့

ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြိုင်နဲ့ ပေါက်အစပ်မှာ စစ်တပ်က ဒေသကာကွယ်ရေးစခန်းကို မီးရှို့ဖျက်ဆီးပြီး စစ်ရှောင်ဒေသခံတွေကိုပါ ဖမ်းဆီးထား၊ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၅ ရွာက ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ဒေသတော်လှန်ရေးတပ်တစ်ခုရဲ့ စခန်းကို ဝင်ရောက် မီးရှို့ဖျက်ဆီးရာ ငွေကျပ်သိန်း ၄၅၀နီးပါး ပျက်စီးဆုံးရှုံးသွားကြောင်း သိရပါတယ်။