စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေး /ပူးပေါင်းတပ်တွေအသင့်ကြိုဆိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပျောက်ကျားတပ်က ဒီနေ့သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက စစ်ကိုင်းတပ်မ ၃၃ က ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၁၅၀ လောက်ကို မင်းကွန်းတိုက်နယ် ချောင်းမကြီးကျေးရွာအနီးမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၁၀ ယောက်လောက် ထိခိုက်သေဆုံးခဲ့ပြီး စစ်ကြောင်းပျက်ကာနောက်ဆုတ် ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်း လိုက်လံ တိုက်ခိုက်ခဲ့ရာ ချောင်းမကြီး ကျေးရွာထဲ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲနဲ့ အတူ Mingun PDF၊ People Servant Force၊ ရတနာပုံတပ်ဦး၊ Nomore Dictatorship(NMD)၊ GS Force၊ ဥဒေါင်းမင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
Video – ယူနီကွန်းပျောက်ကြားတပ်