ထိုင်းနိုင်ငံမှာ အေးချမ်းစွာ နေထိုင်ကြောင်းပြသတဲ့ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှုမှာ မြန်မာနိုင်ငံသားတွေ ပူးပေါင်းပါဝင်ပေးကြဖို့ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားသူတွေက လှုံ့ဆော်နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲ ဖြစ်ပွားခဲ့တဲ့ ထိုင်းရောက် မြန်မာလုပ်သားတချို့ရဲ့ ဖြစ်စဥ်တွေအပြီး မြန်မာအရေးလှုပ်ရှားနေသူတွေက အခုလို ကမ်ပိန်းကို ဦးဆောင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အဲ့ဒီ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေးလှုပ်ရှားမှုဟာ အိမ်ရှင်ထိုင်းနိုင်ငံသားတွေရဲ့ ဥပဒေအတိုင်းမြန်မာနိုင်ငံသားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေက ငြိမ်းချမ်းစွာ လက်ခံနေထိုင်ကြောင်းပြသဖို့ ရည်ရွယ်လုပ်ဆောင်တာလို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီလှုပ်ရှားမှုဟာ သက်​ဆိုင်ရာ ထိုင်းအစိုးရနဲ့ ထိုင်းနိုင်ငံသားတွေအပေါ် ဆန္ဒပြ၊ အာဏာဖီဆန်တာမျိုးမဟုတ်ပဲ ​​မြန်မာနိုင်ငံသားတွေရဲ့အေးချမ်းစွာ အတူယှဥ်တွဲနေထိုင်တာကို ပြသဖို့နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားတာကိုပြသဖို့ ဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအရေးလုပ်ဆောင်နေတဲ့ ကိုရဲမင်း(AAC) ကလည်း ပြောပါတယ်။

ကိုရဲမင်းက “နှစ်ပတ်တာ ငြိမ်သက်တိတ်ဆိတ်ခြင်းဆိုတာ စည်းကမ်းရှိကြောင်း၊ နှိမ့်ချတတ်ကြောင်း၊ ယဉ်ကျေးကြောင်းလိမ္မာပါးနပ်စွာနဲ့ ဖော်ထုတ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဆန္ဒပြတာ မဟုတ်ပါ။ သပိတ်မှောက်တာ မဟုတ်ပါ။ နိုင်ငံရေးလှုပ်ရှားမှုလဲ မဟုတ်ပါ။ ငြိမ်သက်တိတ်ဆိတ်လိုက်ခြင်း ရည်ရွယ်ချက်က အေးအေးချမ်းချမ်းနေလိုတာကို ပြသတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။ စိတ်ဓာတ်ပိုင်းမြင့်မားတာကို ပြသတာ ဖြစ်ပါတယ်။ ခိုလှုံခွင့်ပေးထားတဲ့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေတွေကို လေးစားလိုက်နာလျက်ရှိကြောင်း ဖော်ပြတဲ့ လုပ်ရပ်ဖြစ်တယ်” လို့ သူ့ရဲ့လူမှုကွန်ရက်ကတဆင့်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့မဟုတ်ကြောင်းနဲ့ စစ်အုပ်စုရဲ့ လူမျိုးရေး၊ နိုင်ငံရေး အမုန်းတရားပြန့်ပွားစေနိုင်တဲ့ သွေးခွဲတာမျိုးတွေကိုအထူးဂရုစိုက်ရှောင်ရှားစေလိုကြောင်းလည်း သူကပြောကြားထားပါတယ်။ 

ဒီလှုပ်ရှားမှုကို ဇန်နဝါရီလ ၂၆ရက်နေ့ကစလို့ မြန်မာလုပ်သားတွေအများဆုံးရှိရာ မဲဆောက်၊ မဟာချိုင်၊ အယုဒ္ဓယမြို့​ စတဲ့မြို့တွေက ရပ်ကွက်တွေ၊ စျေးတွေမှာ လုပ်ဆောင်နေကြတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေပူးပေါင်းပါဝင်မှု များပြားတယ်လို့ သိရပါတယ်။

.

.

တိတ်ဆိတ်ခြောက်ကပ်နေသည့် မဟာချိုင်နယ်မြေ၊ ထိုင်းယူနစ်လမ်းမကြီးနှင့် စျေးမြင်ကွင်း (ဓာတ်ပုံ Ye Min (A.A.C))

0 Shares:
You May Also Like
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

စစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် ပစ်မှတ်ထားသည့် ILO ၏ အရေးယူမှု ဘယ်လိုသက်ရောက်မလဲ

ILO က ချမှတ်လိုက်တဲ့ အရေးယူမှုဆုံးဖြတ်ချက်ဟာ အခြေခံ စက်မှုကုန်ထုတ်လုပ်သားတွေအပေါ် ထိခိုက်မှုရှိမှာ မဟုတ်သလို နိုင်ငံကို စီးပွားရေးပိတ်ဆို့စေမှာ မဟုတ်ကြောင်း၊ စစ်အုပ်စုနဲ့အပေါင်းအပါတွေကိုသာ ပစ်မှတ်ထားအရေးယူသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် က မောင်းကို ပြောပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

တောင်ကိုရီးယားလေဆိပ်မှာ ခရီးသည်တင်လေယာဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြား သေဆုံးနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ထွက်ခွါလာတဲ့ Jeju လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စီးဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြားသေဆုံးနိုင်တယ်လို့ တောင်ကိုရီးယားရဲ့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားများ ဂရုစိုက်နေထိုင်ကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာ ပိုမိုကြီးထွားလာပြီးနောက် ဒီနေ့မနက်ပိုင်းကစလို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းဘက်ခြမ်းမှာ ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။