ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းသား အချင်းချင်းရန်ဖြစ်ကြရာ ကနေ G-7 ကျောင်းသား တယောက် နေရာတင် သေဆုံးသွားတယ်လို့ Shwe Pyi Thar Information ဆီက သိရပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသားဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး သူ့သေဆုံးမှုအပေါ် ဘောလုံးကန်ရာက အမောဖောက် အသက်ရှုရပ်ကာ သေဆုံးတာ ဆိုပြီး အဖြစ်မှန် ကို ဖုံးကွယ်ခံထားရတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်၊ မနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ အထက (၁) ကျောင်းမုန့်စားဆင်းချိန်မှာ အလယ်တန်း ကျောင်းသားတွေ အချင်းချင်း ရန်ဖြစ်စကားများ ထိုးကြိတ်ခဲ့ကြရာ Grade 8 ကျောင်းသားတယောက်ရဲ့ ထိုးကြိတ်မှုကြောင့် Grade 7ကျောင်းသားတယောက် နေရာတင် အသက်ရှုကြပ် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်ကို စုံစမ်းအတည်ပြုနေတာကြောင့် သတင်းချက်ချင်း မတင်ခဲ့ရကြောင်းနဲ့ လက်ရှိမှာတော့ကျောင်းသား သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်အမှန် ရုပ်သံဖိုင်ကို ရရှိထားပြီ ဖြစ်တယ်လို့ Shwe Pyi Thar Information တာဝန်ရှိသူက ပြောပါတယ်။

ပေါက်ကြားလာသည့် ရုပ်သံဖိုင်အားတွေ့ရစဥ်



” အခုသတင်းကို ကျနော်တို့ info က အရင်နေ့တွေကတည်း က နည်းလမ်းအမျိုးမျိုးနဲ့ သိထားပြီးသားပါ။ ဒါပေမယ့် ဖြစ်ရပ်ပေါင်းစုံနေတော့ အတည်ပြုဖို့ခက်တာကြောင့် ထပ်မံစုံစမ်းနေခဲ့တာပါ” လို့ Shwe Pyi Thar Information တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဖြစ်စဥ်အတွင်း အဓိကတာဝန်ရှိတဲ့ ကျောင်းသား အပါအဝင် ကျောင်းတာဝန်ရှိသူတွေကို ရွှေပြည်သာရဲစခန်းက ခေါ်ယူစစ်ဆေးနေပြီလို့လည်း သိရပါတယ်။

အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံကျောင်းတွေမှာ ကျောင်းတွင်း အကြမ်းဖက် အနိုင်ကျင့်မှုတွေနဲ့ ရန်ပွဲတွေဟာ ကျောင်းသား ကျောင်းသူတွေကြား ပိုမိုဖြစ်ပွားလာပြီး လူ့မူ့ကွန်ရက်ပေါ် ပျံ့နှံ့မှုတွေများလာတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်တွေဟာ အဓိကတာဝန်ရှိတဲ့ ကျောင်းအာဏာပိုင်တွေနဲ့ ဆရာဆရာမတွေဘက်က အုပ်ထိန်းမှုအားနည်းတာတွေကြောင့်ဖြစ်ရတာလို့ ကျောင်းသားမိဘ တချို့ဆီကသိရပါတယ်။

ဒါအပြင် ဆရာဆရာမတွေနဲ့ တာဝန်ရှိသူတွေဟာ ကျောင်းတွင်း အကြမ်းဖက်မှုတွေ အပေါ် ထိထိရောက် ရောက်မကိုင်တွယ်နိုင်ဘူးလို့ လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မုဒုံတွင် ပစ္စတိုတစ်လက်နဲ့ ဆက်စပ်ပစ္စည်းများ တွေ့ရှိသည်ဆိုကာ လူ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ပစ္စတိုသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်ကို လျှပ်စစ်မီးပေးနိုင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖိတ်ခေါ်ပြန်

တရုတ်လုပ်ငန်းရှင်တွေ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားလိုက်ပါတယ်။
Read More

ဗမာ့တပ်တော်က စစ်မြေပြင် အ‌ခြေခံ ကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ စစ်မြေပြင် အ‌ခြေခံကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဗုံးကြဲခံရလို့ ပိတ်မိနေတဲ့ နောင်ပိန်ရွာထဲ စစ်အုပ်စု သတ်ဖြတ်မှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အုတ်ဖိုတွင် ပေါ်တာဆွဲဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ဇော်ထွန်းဝင်းအပါ ၆ ဦး သေ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ၆ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။