ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အထက (၁) ကျောင်းမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာကနေ နှလုံးရောဂါအခံရှိတဲ့ ကျောင်းသား ၁ ဦး သေဆုံးခဲ့ရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းမုန့်စားဆင်းချိန်မှာ အလယ်တန်းကျောင်းသားတွေ အချင်း​များရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သေဆုံးသူဟာ Grade 7 ကျောင်းသားဖြစ်ပြီး Grade 8 ကျောင်းသားက ထိုးကြိတ်ခဲ့တာကြောင့်လို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ရုပ်သံဖိုင်ဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီး ကျောင်းတာဝန်ရှိသူတွေကို အပြင်းအထန် ဝေဖန်နေကြပါတယ်။

ရွှေပြည်သာရဲစခန်းကနေ အဓိကတာဝန်ရှိတဲ့ ကျောင်းသား အပါအဝင် ကျောင်းတာဝန်ရှိသူတွေကို  ခေါ်ယူစစ်ဆေးနေပြီလို့လည်း သိရပါတယ်။

လူမှုကွန်ရက်မှာ ကျောင်းသားအရွယ် လူငယ်များ အချင်းချင်းအနိုင်ကျင့်တာ၊ အဖွဲ့လိုက် ခိုက်ရန်ဖြစ်တာ တွေမကြာခဏ ပျံ့နှံ့လာနေပြီး စစ်တပ်ရဲ့ အာဏာသိမ်းမှုအကျိုးဆက်အဖြစ် ပြောဆိုဝေဖန်တာတွေလည်း ရှိနေပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုပိုင်း လစ်ဟာမှုတွေကြောင့် လူငယ်တွေအကျင့်စာရိတ္တ ပျက်ပြားလာတာဖြစ်တယ်လို့လည်း လူမှုကွန်ရက်သုံးစွဲသူတွေက ဝေဖန်ထောက်ပြ နေကြပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

တောင်သာမြို့ပေါ် ခြေကုပ်ယူထားသည့် စစ်တပ်ဂိတ်များကို တပြိုင်နက် ဝင်‌ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့ပေါ်မှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်တွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

ဟောင်ကောင်တွင် အထပ်မြင့်အဆောက်အအုံများ မီး‌လောင်မှုကြောင့် လူပေါင်း ၉၄ ဦး သေဆုံး (ရုပ်/သံ)

ဟောင်ကောင်မြို့မှာ Wang Fuk Court အထပ်မြင့်အဆောက်အအုံတွေ မီးလောင်မှုဖြစ်ပွားပြီး လူပေါင်း ၉၄ ယောက်သေဆုံးကာ ၇၆ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေချိန် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ Battalion 808 - Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လတ်လောစစ်ဆင်ရေးတွေအတွက် လိုအပ်နေတဲ့ ကျည်ခဲယမ်းတွေဖြည့်တင်းနိုင်ဖို့ တော်လှန်နှုတ်ခမ်းနီ Project III (ရုပ်/သံ)

လတ်လောစစ်ဆင်ရေးတွေအတွက် လိုအပ်နေတဲ့ ကျည်ခဲယမ်းတွေဖြည့်တင်းနိုင်ဖို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အဖွဲ့ရဲ့ ရဲဘော်တွေက အခုလိုပဲ တိုက်တွန်းထားပါတယ်။
Read More

ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်း ခွဲဝင်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးကာ သေနတ်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။