တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း KNLA အထူးတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းနင်းမိပြီး အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ သွားတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က ပုလောမြို့နယ် လှည်းကျွန်းမကျေးရွာကနေ တောင်ယာကမ်းကျေးရွာ လမ်းဆုံဂိတ်ကို အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေဟာ KNLA အထူးတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းနင်းမိပြီးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၈ ရက်က ကျောက်စုစစ်တပ်ဂိတ်အကို ဒရုန်းနဲ့ ဗုံးသီး ၁၂ လုံး၊ ဒီဇင်ဘာ ၂၀ ရက်က ပုလောမြို့ အမှတ် (၅) ဂိတ်ကို 8kg ဗုံးသီး ၁ လုံး၊ ဒီဇင်ဘာ ၂၂ ရက်က နန်းတောင်ရွာစစ်တပ် စခန်းကုန်းကို 15kg ဗုံးသီး ၁ လုံး၊ ဒီဇင်ဘာ ၂၃ ရက်က ပုလောမြို့ အမှတ် (၄) ဝန်ထမ်းအိမ်ရာကို 5kg ဗုံးသီး ၂လုံး၊ 2kg ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ပြီး ဒီဇင်ဘာ ၂၈ ရက်က နန်းတောင်ဂိတ်စခန်း၊ ကျောက်စုဂိတ်၊ ပုလောမြို့ အမှတ် (၇) နဲ့ တောင်ယာကမ်းရွာဂိတ်စခန်းတွေကိုလည်း တော်လှန်ရေးရဲဘော်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Video – KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့