မြန်မာစစ်အုပ်စုရဲ့ စီးပွားရေးထောက်တိုင်တွေနဲ့ ဝါဒဖြန့်ချီရေးတွေမှာ အသုံးပြုနေတဲ့ Facebook အကောင့်၊ စာမျက်နှာတွေနဲ့ ဂရု (Group) စုစုပေါင်း ၂၇၀ ကျော်ကို Meta ကုမ္ပဏီက လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar (JFM) ကနေ ဆိုလာပါတယ်။

ယခုလုပ်ဆောင်ချက်ဟာ ၂၀၂၁ ခုနှစ်မှာ Meta က ချမှတ်ခဲ့တဲ့ စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းတွေနဲ့ မီဒီယာတွေကို ပိတ်ပင်တဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး အဲ့ဒီ အကောင့်တွေဟာ စစ်ကော်မရှင်ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဝါဒဖြန့်ပံ့ပိုးနေတာကြောင့် ပိတ်ပင်ရတာလို့ သိရပါတယ်။

ဖယ်ရှားခံရတဲ့ အကောင့်အများစုမှာ စစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ မိုင်တဲလ် (Mytel) ရဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေဖြစ်ပြီး စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမိတက် (MEHL)နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ရဲ့ လက်အောက်ခံ လုပ်ငန်းခွဲတွေဖြစ်တဲ့ MECtel၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ နန်းမြိုင်ကဖီး၊ Indoor Skydiving တို့နဲ့ ဆက်စပ်နေတဲ့ အကောင့်တွေကိုလည်း Facebook ကနေ အပြီးတိုင် ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။



ဒါ့အပြင် စီးပွားရေးအကောင့်များသာမက a Light for Justice 3၊ News Service Station နဲ့ Myanmar Information Community ကဲ့သို့သော ဝါဒဖြန့်ချိရေး စာမျက်နှာတွေကိုလည်း ပိတ်ပင်ခဲ့တာလို့သိရ ဖြစ်ပါတယ်။

အခုလို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အကောင့်တွေကို ဖယ်ရှားနိုင်ဖို့ Justice For Myanmar (JFM) အဖွဲ့က အချက်အလက်တွေ စုဆောင်း တိုင်ကြားခဲ့တာဖြစ်ပြီး JFM အနေဖြင့် Facebook ရဲ့ လုပ်ဆောင်ချက်ကို ကြိုဆိုကြောင်းလည်းဆိုထားပါတယ်။

Facebook နည်းတူ တခြားနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Alphabet၊ Apple၊ TikTok နဲ့ Telegram စတဲ့ လူမှုကွန်ရက်တွေမှာလည်း မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်အကောင့်တွေကို ၎င်းတို့ရဲ့ ဝန်ဆောင်မှုတွေပေါ်မှာ ချက်ချင်း ပိတ်ပင်ပေးဖို့ကိုလည်း Justice For Myanmar ကနေ တိုက်တွန်းတောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင် ရုရှားသွားမည်

အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က မြို့နယ်၂ခုမှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာ ၂၆ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တို့မှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု၏မဟာမိတ် လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားပေးရန် နိုင်ငံတကာသမဂ္ဂများ ပူးပေါင်းတောင်းဆို

စစ်ကောင်စီရဲ့ မဟာမိတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ကနေ ချက်ချင်းဖယ်ရှားပေးဖို့ နိုင်ငံတကာသမဂ္ဂအဖွဲ့တွေက ပူးတွဲတောင်းဆိုလိုက်ပါတယ်။