မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For  Myanmar (BWM) က သတင်းထုတ်ပြန် ထားပါတယ်။

ဇန်ဝါရီ ၂၇ ရက် မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ လုံး  တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကြောင့် နန်းတော်အဝင် မင်္ဂလာတံတားမှာ မင်းဝတ်တန်ဆာဝတ်ဆင်ပြီး ပြည်တော်ဝင်ယတြာပွဲ ကျင်းပမယ့် မင်းအောင်လှိုင်ရဲ့ အစီအစဥ် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီလို အစီအစဉ်ပျက်ခဲ့တဲ့အပြင် ကျပ်သိန်း ၃၀၀ ဖိုး အောင်သပြေပန်းဝယ်ကာ မင်းအောင်လှိုင်ကိုယ်တိုင် စိုက်ပျိုးမယ့် အစီအစဉ်လည်း ပျက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်စီမံမှုနဲ့ No More Dictatorship (NMD-PDF)၊ Shadow (Mandalay) နဲ့ Infinity (အညာ) အဖွဲ့တို့က BWM Mission 50 အဖြစ် အောင်မြင်စွာ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

Video – B.W.M

0 Shares:
You May Also Like
Read More

ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖယ်ခုံPDF( ၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း ရဲ​ဘော်တွေရဲ့ မြို့ပြစစ်ဆင်​ရေးပုံစံ စစ်​ရေး​လေ့ကျင့်မှု (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း ရဲဘော်တွေရဲ့ မြို့ပြစစ်ဆင်ရေးပုံစံ စစ်ရေးလေ့ကျင့်မှု ရုပ်သံမှတ်တမ်းကို PDF Dawei District Battalion 2 - P23302 က ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ရဲဘော်များမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံထားရသူများ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေး (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့မှာ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲဘော်တွေက မတရားဖမ်းဆီးခံထားတဲ့ လူထုခေါင်းဆောင်နဲ့ မြန်မာပြည်သူတွေ အမြန်ဆုံး လွတ်မြောက်စေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ ကျေးရွာကို ဗုံးလာကြဲတဲ့ စစ်ကော်မရှင်ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် ထိခိုက်မှုကြောင့် မြိတ်မြို့သို့ ပြန်လှည့်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ‌မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဗုံးလာကြဲတဲ့ ဂျက်တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ KNU -မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။