စစ်အုပ်စုက ကျင်းပပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ သမ္မတအိမ်ပြာတော်ရှေ့မှာ မြန်မာနိုင်ငံသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

ကိုရီးယား၊ ဂျပန်နဲ့ ဩစတေးလျ သုံးနိုင်ငံက မြန်မာနိုင်ငံသားတွေစုပေါင်းကာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ လို့ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ချုပ် (MFDMC) ရဲ့ အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အဲ့ဒီ သတင်းစာရှင်းလင်းပွဲကို တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ သမ္မတအိမ်ပြာတော်ရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်ကို သမ္မတရုံးကိုလည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

ဆိုးလ်မြို့၊ သမ္မတအိမ်ပြာတော်ရှေ့မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ ပေးပို့)

ထုတ်ပြန်ချက်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိတာကြောင့် နိုင်ငံတကာအစိုးရတွေ အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း အတိအလင်း ထုတ်ဖော်ပြသဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုမိုထိတွေ့ဆက်ဆံပြီး မြန်မာပြည်သူတွေအတွက် လက်တွေ့ကျတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့စတာတွေကို တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။ 

ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်း ၄၀ ပါဝင်တဲ့ “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပြီး  ကိုရီးယားအရပ်ဘက် အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အခမ်းအနားအပြီးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီနဲ့ MFDMC တို့ရဲ့ ထုတ်ပြန်ချက်တွေကို ကိုရီးယားဘာသာနဲ့ ဖတ်ကြားခဲ့ပြီး  သတင်းစာရှင်းလင်းပွဲကို မနက် ၁၁ နာရီအချိန်မှာ အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဆိုးလ်မြို့၊ သမ္မတအိမ်ပြာတော်ရှေ့မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ ပေးပို့)
ဆိုးလ်မြို့၊ သမ္မတအိမ်ပြာတော်ရှေ့မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ ပေးပို့)
ဆိုးလ်မြို့၊ သမ္မတအိမ်ပြာတော်ရှေ့မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ ပေးပို့)
0 Shares:
You May Also Like
Read More

အမျိုးသမီး ၁၀.၄ သန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

မြန်မာနိုင်ငံမှာ  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေသူ သန်း (၂၀) ခန့်ရှိပြီး အဆိုပါ လူဦးရေထဲက  ၁၀.၄ သန်းဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ခံစားနေရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

မြန်မာက လိမ်လည်လုပ်ငန်းတွေကိစ္စ ထိုင်းကိုအပြစ်တင်လို့မရဘူးလို့ ထိုင်းအစိုးရပြော၊ BGF ကို လျှပ်စစ်ဓာတ်အား ဆက်ရောင်းနေသေးတဲ့အပေါ် ထိုင်းလွှတ်တော်မေးခွန်းထုတ်

မြန်မာပြည်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ပြန့်ပွားနေမှုအတွက် ထိုင်းကိုလည်း တစိတ်တပိုင်းအပြစ်တင်ထားတဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်ကို လက်မခံကြောင်း၊ ဒီကိစ္စက အဖွဲ့ပေါင်းစုံပါဝင်ပတ်သက်နေပြီး ရှုပ်ထွေးကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ၏ ရုရှားထုတ် Shahed drone ပုံစံကွဲ အသေခံဒရုန်း ၁ စင်း ထိုင်းနိုင်ငံအတွင်း ပျက်ကျ

ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ စစ်ကောင်စီ အသုံးပြုတဲ့ ရုရှားထုတ် Shahed Drone နဲ့ ပုံစံတူ အသေခံဒရုန်းတစ်စင်း ပျက်ကျနေတာကို ထိုင်းစစ်တပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ သတင်းဖော်ပြပါတယ်။